အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်

Start from the beginning
                                    

ရှိနေသော ဇီမိုလည်း အခြေနေကို အလွန်
ကျေနပ်အားရသွားပြီး ဒီငြင်းပယ်ခံရသော
အဖြစ်ကို ချဲ့ကားလုပ်ကြံလို့ အနယ်နယ်ရပ်ရပ်ကို ဖြန့်ဝေစေလိုက်တယ်။


ခုဆိုရင် ဝူဆောင်းကိုယ်တိုင်လည်း ဂိုဏ်း
ချုပ်တစ်ယောက်ဖြစ်နေပြီ။ တည်ထောင်သူ
ဖြစ်တဲ့ သူ့ကို ကျော်လွန်ပြီး ဝူဆောင်း
ဒီနေရာကို ဘယ်လိုရခဲ့လဲ မသိပေမဲ့
သူရခဲ့သောနေရာဟာ သံသယအကြည့်နဲ့သာ
အကြည့်ခံရမယ့် နေရာပဲ။



ဒါ့အပြင် နှစ်ဉီးသား ချစ်ခြင်းဟာ
အချစ်စစ်လို့ ဝူဆောင်း ထင်မှတ်နေရှာရာ
ကနေ ယခုတော့ အချစ်စစ်ကြီးက
တစ်ခြားတစ်ယောက်ကို ပုံအပ်ပြီးသားမှန်း
သိသွားပြီ။ ရှေ့ဖြစ်အ်ိပ်မက်ထဲမှာကဲ့သို့
မုမေ့ယန်ဟာ သူ့ကျေးဇူးရှင်လည်းမဟုတ်
တော့သလို ရင်ထဲက တမ်းတမ်းစွဲရသည့်
အပြစ်ကင်းသော လမင်းလေးလည်း
မဟုတ်တော့ရင် နှစ်ဉီးသား၏ အချစ်စစ်
ဇာတ်လမ်းကြီး ဘယ်အချိန်ထိ ဆက်က
နိုင်မလဲဆိုတာ သူ့အဖို့ စိတ်ဝင်စားစရာပဲ။


ကျူးယောင်  အလကားလျှောက်ပြော
သွားတာလို့လည်း သူတို့တွေ ထင်ချင်လည်း
ထင်န်ိုင်ပါတယ်။ မုမေ့ယန် အပျိုစင် ဟုတ်
မဟုတ်ဆိုတာ  တစ်ချက်ကြည့်ရုံဖြင့်
သ်ိနိုင်သော အရာမှ မဟုတ်တာ။
ဒါပေမဲ့ ကျူးယောင်ဆိုတာက ကျောက်စိမ်း
သစ်တောတောင်က မဟုတ်လား။ ကျင့်ကြံခြင်းလောကမှာ
ကျောက်စိမ်းသစ်တောင်တောင်ဟာ အစထဲ
နားမလည်နိုင်ဆုံး ထူးဆန်းသည့် နေရာတစ်ခု
ပဲ။ဒါ့အပြင် ပြောခံလိုက်ရချိန်မှာ ဖြစ်ပျက်
သွားသော မုမေ့ယန် မျက်နှာသွင်ပြင်က
ဘယ်ဟာအမှန်ဖြစ်နိုင်လဲဆိုတာ ပြသလို့နေတယ်။


မုမေ့ယန်ကတော့ သူရဲ့ ဒီလို ကံမကောင်း
အကြောင်းမလှရသည့်(ယောကျာ်းတကာနှင့် အိပ်) အကြောင်းရင်းခံဟာ
ပြိုင်ဘက်ဖြစ်သူ ပြစ်မျိုးမှဲ့မထင် အောင်မြင်
လွန်းသော ယွဲ့ဟန်ရှင်း ကြောင့် ထင်နေတယ်။
ယွဲ့ဟန်ရှင်းဟာ ယောကျာ်းတကာနှင့် မရှင်း
မရှင်း ဆက်ဆံရေးတွေ ရှိခဲ့တယ်ဆိုသော်
လည်း အီစိီကလီ အဆင့်မှာသာ ရပ်တန့်ပြီး
ထားရစ်ခဲ့တာများလို့ အနည်းဆုံးတော့
အပျိုစစ်စစ် အဖြစ် ကျန်ရှိနေသေးတယ်။
ချစ်ကြိုက်ပြီး သည်လို ဖြစ်ကြတဲ့ ကိစ္စမှာ
လက်ခုပ်ဆိုတာ နှစ်ဖက် တီးမှ မြည်တယ်
မဟုတ်လား။  တစ်ဖက်က လက်မခံဘဲနဲ့တော့
ဒီလိုကိစ္စဟာ အမြဲ မဖြစ်နိုင်တာမလို့
သူ့လို ဘေးကပွဲကြည့်သူနဲ့တော့ မဆိုင်လှပါဘူး။
မုမေ့ယန်သာ အရင်ဘဝထဲက မနာလိုဝန်တို အငြိုးတေးတွေ
ဒီလောက် ကြီးမနေရင်လည်း ခုလို ဖြစ်စရာမှ
မိလိုအပ်တာ။



နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now