အခန်း(၁၁၆)ဆရာ!

Start from the beginning
                                    

ထိုအနက်ရောင်ဟင်းလင်းပြင်က သူ့အမြီးနားဆီကို ပါ ကပ်လာပြီ။ ကျူးယောင်လည်း
မခံနိုင်တော့ဘဲ နောက်ထပ် သွေးတစ်ပွက်အန်
ထွက်လာပြန်တယ်။ယွဲ့ယင်းဆို မေ့မျောသွားပြီ။

သူ တို့ ဒီလို ဆက် နေလို့မဖြစ်တော့ဘူး။
နှမ်းလေးက သူ့ အစောင့်ရှောက် မှော်သတ္တဝါ မလို့ စိတ်အာရုံနယ်မြေထဲ ထည့်ထားလို့
ရပေမဲ့ ယွဲ့ယင်းက လူသားမလို့ မရဘူး။
ပြီးတော့ ဘာမှ မသိတဲ့ ငါးနှစ်သားလေး။
သည်ရောက်နေရတာလည်း သူ့ကြောင့်
သာ ။ ယွဲ့ယင်းသေရင် တရားခံ က သူ မှ အစစ်။

သည်လောက ထဲ မွေးဖွားကာစ ရှိသေး
သေလို့ မဖြစ်ဘူး။ယွဲ့ယင်းလေးကို စကား
ပြောတတ်အောင်တောင် မသင်ရသေးဘူး။
တကယ့်ကို အဖြူထည် လေး ရှိသေးတာ။
ယွဲ့ယင်းကို အသေခံလို့ မဖြစ်ဘူး။

ကျူးယောင်လည်း လက်သည်းတွေနဲ့ ကုတ်ထားရင်း ချက်ချင်း လူအသွင်ပြောင်းလိုက်တယ်။ အရွယ်စားသေးသွားလို့လားမသိဘူး
သူ့အပေါ် သက်ရောက်သော ဖိအားက
အတော်ကျသွားတယ်။

သို့ပေမဲ့ မတ်တပ်ရပ်လို့တော့ မရဘူး။ဒါကြောင့် မြေပြင်မှာတွားသွားရင် မေ့နေတဲ့
ယွဲ့ယင်းလေးကို ကို ပွေ့ထားလိုက်တယ်။

'' နှမ်းလေး လူပုံပြောင်းလိုက်''

နှမ်းလေးလည်း အံ့သြရာကနေ ချက်ချင်း
ကလေးမျက်နှာနဲ့ ကောင်လေးအဖြစ်
အသွင်ပြောင်းလိုက်ပြီး သူ့ဘေးနား
ကပ်လာတယ်။

ကျူးယောင်ရှိသမျှ အားကုန်သုံးပြီး
ခုခံနေပေမဲ့ ဖိအားကို မကျော်လွန်နိုင်ဘူး။
ထိုပျက်သုန်းမြေက သူ့ကိုယ်နားတဖြည်းဖြည်း
ရောက်လာတယ်။

ထိုအခိုက်မှာပဲ သူ့ရှိသမျှ စိတ်အာရုံနယ်မြေက စိတ်တန်ခိုး
ကို သူံးလို့ အဖြူရောင် အလင်းပါးအလွှာလေး
ဖြစ်ပေါ်စေပြီး သူဲးဦးလုံးကို လွှမ်းခြုံလိုက်တယ်။

ပျက်သုန်းမြေဟာ သူတို့ အားလုံးကို ဝါးမျို
သွားတယ်။ ထိုအခိုက်မှာပဲ သူ့ရဲ့ စိတ်အာရုံ
နယ်မြေ တစ်ခုလုံး ဆိုးဆိုးဝါးဝါး နာကျင် လာတယ်။စုတ်ဖြဲခံရသလိုပဲ။သူ့ ဝိဉာဉ်တစ်ခုလုံး
အစိတ်စိတ်မြွှာ ဖြစ်တော့မလို ခံစားရတယ်။
သို့ပေမဲ့ စိတ်တန်ခိုး သုံးနေတာကို မရပ်ရဲဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now