part -2 (Z+U)
14.7K 1.5K 13
[Zawgyi]
အိမ်ရှေ့စံ ဝမ်ရိပေါ်
ဝမ် တိုင်းပြည် ၏ မြို့တော် အပြင်ဘက်ရှိ တောင်ကုန်းပေါ်မှာ အေးချမ်တဲ့အသွင်ဆောင်သည့် စံအိမ်တစ်ခု ရှိသည်။
ထိုစံအိမ်၏ ရေကန်အလယ်ကဇရပ်မှာ အပြာရောင်နဲ့အဖြူရောင်ဝတ်ဆင်ထားတဲ့ ချောမောပြီး ကျက်သရေအဖြာဖြာနှင့် ကိုယ်ရောင်ဝါမြင့်မြတ်သားနားသည့် လူငယ်နှစ်ဦးထိုင်နေတယ်။
အပြာရောင်ဝတ်ဆင်တဲ့ လူငယ်က အဖြူရောင်အဝတ်စားနဲ့ လူငယ်ကိုကြည့်ပြီး မေးလိုက်တယ်။
" ဝမ်ရိပေါ်...မနက်ဖန်မှာ ညီတော် ရဲ့ ကြင်ယာတော် ကြိုဆိုပွဲကို မယ်တော်က ပြုလုပ်ထားတယ် သွားမလား... ပြီးတော့ မယ်တော်က ညီတော်ကို ပြင်ဆင်ပေးတဲ့ စုံတွဲဝတ်စုံကို ဝတ်လာခိုင်းတယ်... မယ်တော်က ပြောတယ် ခမည်းတော် မျက်နှာကို ထောက်ရင် လာရမယ်တဲ့ ကြင်ယာတော် နဲ့ လည်း တွေ့ဆုံရမယ်... ဟိုတစ်ခါက မင်္ဂလာဦးညလို မလုပ်နဲ့ တဲ့ မဟုတ်ရင် အိမ်ရှေ့စံ ရာထူး ပြန်သိမ်းမယ်တဲ့.."
ဝမ်ရိပေါ် က သူ့အစ်ကိုတော် ဝမ်လီချန် ကို ကြည့်ပြီး စားပွဲ ပေါ်က သူ့မယ်တော်ပို့ ထားတဲ့
အနီရောင်ပိတ်သားမှာ တိမ်ထက်ကပျံသန်းနေသော ကြိုးကြာပုံကိုငွေရောင်ချည်မှင်နဲ့ဆင်ထားတဲ့ဝတ်စုံကို ကြည့်လိုက်သည်။ သူ့မယ်တော်က သူ့ကို အရှက်ခွဲနေတာ သူ့လို ထူးချွန်တဲ့ လူက နန်းတက်ဖို့ ဧကရီ ကံဇာတာ ပါတဲ့ ယောက်ျားလေး နဲ့ လက်ထက်မှ နန်းဆက်တည်မယ်တဲ့။ ဒါကသူ့ကို သက်သက်မဲ့ အရှက်ခွဲနေတာ ဆိုလိုတာ သူက နန်းတက်ဖို့ အရည်ချင်း မရှိဘူးပေါ့။ မနက်ဖန်မှ ဘယ်သူက အရှက်ကွဲမလဲ ကြည့်ကြမယ်လေ။ သူ့အစ်ကိုတော် ကို ပြန်ဖြေလိုက်တယ်။
" ညီတော် သိပြီလို့ မယ်တော်ကို ပြောပေးပါ အစ်ကိုတော်.."
" ကောင်းပြီ ဒါဆိုလည်း ဒီ အစ်ကိုတော် ပြန်တော့မယ်... "
ဝမ်လီချန် က ပြောပြီး ထိုင်ခုံမှထကာ သူ့ညီတော်ကို နှုတ်ဆက်လိုက်တယ်။ ဝမ်ရိပေါ် လည်း သူ့အစ်ကိုတော် ကို ခြံဝန်းရှေ့ထိ လိုက်ပို့ပြီး နှုတ်ဆက်တယ်။
" အစ်ကိုတော် ကောင်းကောင်းပြန်ပါ..."
" အေး... မနက်ဖန်မှ တွေ့ကြတာပေါ့... "