အခန်း(၁၁၃)တစ်ခုတည်းသော မှတ်တမ်း

Comenzar desde el principio
                                    

'' သည်တစ်အုပ်က ဘာလဲ''

ကျူးယောင်လည်း စပ်စပ်စုစုနဲ့ကောက်ယူ
လိုက်တယ်။
သည်က စာအုပ်တွေက အပြာရောင်သို့မဟုတ်
ဝါကျင့်ကျင့်။သည်တစ်ခုပဲ အနက်ရောင်
စာလိပ်ဖြစ်နေတယ်။



ချန်းနင်းလည်း တစ်ခုတည်းသော မှတ်တမ်း
စာအုပ်ကို သူ့ရင်ဘတ်ကြားထဲ ထိုးထည့်လိုက်ပြီး နေရာတကျ သိမ်းပြီးပြီဆိုတာသေချာမှ
သူ့လက်ထဲက အနက်ရောင်စာလိပ်ကို
လှမ်းကြည့်တယ်။


'' ရှေးဟောင်းမျိုးနွယ်တွေ ရေးထားတဲ့
သမိုင်းမှတ်တမ်းပါ ဘာမှတော့
ထူးထူးခြားခြားအသုံးမဝင်ပါဘူး
ပဝေသဏီကာလတုန်းက အဖြစ်ပျက်တေွ
ကို မှတ်တမ်းတင်ထားတာပါ
စာလိပ်ပေါ် က အသံမြည်ကျောက်စိမ်း
ကြောင့်ပဲ အဖိုးတန်တာပါ''


ကျူးယောင်လည်း စာလိပ်ကို ဖွင့်လိုက်တယ်။
ထိုအခါမှ အထဲမှာရေးထားတာ စာတွေ
မဟုတ်ဘဲ အမျိုးမျိုးသော ရုပ်ပုံတွေဆိုတာ
သိလိုက်ရတယ်။သေချာကြည့်လိုက်မှ
တစ်ချို့သောအပိုင်းမှာ ခမ်းနားလှတဲ့တောင်တွေနဲ့
နတ်ဘုရားတွေ နေထိုင်ခွင့်ပေးထားတဲ့
ကောင်းချီးပေးသော နယ်မြေတွေ ကို
အမျိုးမျိုး သရုပ်ဖော်ထားတယ်။သူ
တစ်ခါမှ မမြင်ဖူးသေးသော မှော်သတ္တဝါ
တွေလည်းရှိတယ်။ တစ်ချို့က တောင်
တစ်လုံးထက်ကြီးမားပြီး တစ်ချို့က
တီကောင်လောက်သာ ရှိတဲ့ အရွယ်စားထိ
အမျိုးမျိုးပဲ။အတော်များများက ထူးဆန်းပြီး မတူညီတဲ့ ပုံစံတွေရှိကြတယ်။ နောက်ပိုင်း
နားပိုရောက်လေ ထိုအကောင်တွေက
ပိုကြည့်ရဆိုးလာလေပဲ။ နောက်ဆုံးတစ်ကောင်ဟာ ဘယ်လောက်တောင်အရုပ်ဆိုးဆုံး
ဖြစ်နိုင်မလဲဆိုပြီး ကျူးယောင်လည်း
ကြည့်လာလိုက်တာ နောက်ဆူံးတစ်ခုက
မင်ရည်အနက်စက်ကြီးတစ်ကွက်သာ
ရှိတယ်ဆိုတာ  တွေ့လိုက်ရတယ်။



လခွမ်း၊ အဆူံးသတ်ကို မြင်ရခါနီးမှ
ဆက်မဆွဲတဲ့ ပန်းချီဆရာပဲ။ အတော်မုန်းဖို့
ကောင်းတယ်။



ထိုအချိန်မှာ ကျူးယောင်လည်း သည်စာလိပ်
ကို ဆွဲတောငိဖြဲချင်လာတယ်၊သို့ပေမဲ့
သည်စာလိပ်က မထင်ထားလောက်အောင်
မာပြီး တခြားသောအကာကွယ်စည်းတွေ
လည်း ပါပုံရတယ်။ဖြဲလို့မရနိုင်ဘူး၊၊



နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora