" ခဏပါပဲကွာ....သူ့အိမ်ကိုဝင်ပြီးမှ ငါတို့ hot pot သွားစားတာ...မင်းတို့သိလား...သူကတကယ် ချစ်ဖို့ကောင်းတဲ့
ကောင်လေးပဲကွ..."

နက္ခက်သည် ထိုစကားကိုဆိုရင်း ရှင်းယံကို စိုက်ကြည့်လိုက်သည်။ ရှင်းယံကလည်း သူ့ကိုပြန်လည်စိုက်ကြည့်နေမှန်း
သိလိုက်ရသောအခါ သူပြုံးလိုက်ပါသည်။

************************************************************************

" ခတ်...ဒီနေ့လည်း အစ်ကို့ကို အိမ်ပြန်လိုက်ပို့ပါလား...."

ရှင်းယံ၏ ထိုစကားတစ်ခွန်းကြောင့် ဒီနေ့တွင်လည်း
ရှင်းယံ၏ အိမ်ရှေ့သို့ စက်ဘီးနှင့် လိုက်ပို့ဖြစ်သည်။ ဒီတစ်ခါတော့ လမ်းတွင် ရှင်းယံက ဘာစကားမှမပြောဘဲ
နှုတ်ဆိတ်စွာလိုက်လာသည်။ အိမ်ရှေ့ရောက်သောအခါလည်း စက်ဘီးပေါ်မှဆင်းပြီးနောက် မနှုတ်ဆက်ဘဲ
တည်တည်ကြီးရပ်နေသည်။ ထို့ကြောင့်...

" ကျွန်တော်သွားတော့မယ်နော်...တာ့တာ"

ဟု လင်း...ကပဲ နှုတ်ဆက်လိုက်ပြီး ထွက်သွားရန်ပြုလိုက်သည်။ ထိုအခါမှ ရှင်းယံက လှမ်းတားသည်။

" နေဦး...ခတ် "

လင်း...ပြန်လှည့်လိုက်တော့ ရှင်းယံက တစ်စုံတစ်ခုကို
စဉ်းစားနေသလို နှုတ်ဆိတ်နေပြန်သည်။ ပြီးမှ သူ့ဆံပင်သူ
လက်ဖြင့်သပ်တင်လိုက်ရင်း...

" အိမ်ထဲဝင်ဦးမလား "

ဟု မဝံ့မရဲပြောသည်။

" ခဗျာ...."

" ဟိုလေ...အိမ်ထဲဝင်ပြီးတော့ အစ်ကို့စာအုပ်စင်က
ဖတ်ချင်တာလေး ရှာကြည့်ပြီးတော့ ငှားသွားလို့ရတာပေါ့..."

စာအုပ်က အဓိကမဟုတ်ပါ.....
အဓိက က ရှင်းယံ၏ အိမ်ထဲသို့ လင်း ရောက်ဖူးချင်သည်။
ဒါကြောင့် ခေါင်းငြိမ့်လိုက်ပြီး စက်ဘီးကိုတွန်းရင်း
ရှင်းယံ၏ ခြံထဲသို့ ဦးတည်လိုက်သည်။
ရှင်းယံက ခြံတံခါးကိုဖွင့်ပေးသဖြင့် လင်းလည်း စက်ဘီးကို
ရှင်းယံ၏ ခြံထဲသို့ တွန်းဝင်သွားသည်။ ခြံထဲတွင် စက်ဘီးကို
ဒေါက်ထောက်လိုက်သည်။

ခြံထဲသို့ ရောက်ရောက်ခြင်း အရင်ဆုံးမြင်မိသည်က
လှပခမ်းနားသော အိမ်ကြီးပင်....ခြံကလည်းတော်တော်
ကျယ်သည်။ အိမ်၏ ဘေးတွင် ပြာလဲ့နေသော ရေကူးကန်ရှိသည်။ ရေကူးကန်၏အနားတွင် စားပွဲနှင့် ထိုင်ခုံလေးများချထားသည်။ စိမ်းစိုသောသစ်ပင်ကြီးများသည် ခြံစည်းရိုးနားကပ်၍ ပေါက်ရောက်နေကြ၏။ အိမ်၏ တစ်ဖက်တွင်တော့
အလှစိုက်မြက်ခင်းစိမ်းစိမ်းလေးများနှင့် ပန်းများဖူးပွင့်နေသော ပန်းအိုးမျိုးစုံ....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now