အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍

Começar do início
                                    

နတ်ဝိဇ္ဇာ သုံးယောက်ထဲက နှစိယောက်ကတော့
သူမ နဲ့ မရင်းနှီးတာကြောင့် သူမရောက်လာတာကိူ ခေါင်းညိတ်ပြရုံသာ အသိမှတ်ပြုကြတယ်။

ဖန်းရီကသာ သူမရောက်လာတာကို ငေးလိူ့
နေတယ်။ ဖန်းရီ သူမကို ကြည့်လိုက်ချိန်မှာတော့
သူမ လျှို့ှဝှက်ချက်တွေ ဘူးပေါ်သလို ပေါ်သွား
သလိူတောင် ခံစားလိုက်ရပြီး ခြေထောက်တွေ
တောင် သာခွေယိုင်ချင်သွားတယ်။
တော်ပါသေးရဲ့ ဖန်းရီက အခြား ပုံမမှန်တဲ့
အမူရာမျိုး မရှိဘူး။ သူမ လပြည့်ည တစ်ည
က ပြောလိုက်တဲ့ ဖျောင်းဖျစကားတွေက
အကျိုးသက်ရောက်သွားပုံပဲ။ ခုဆို ဖန်းရီက
သူမကို မိန်းကလေးသူငယ်ချင်းကောင်းလေးလို
ဆက်ဆံနေတယိ။


သူမ လာမယ်လို့ ဇီမိုက မျှော်လင့်ထားပုံမရဘူး။
သူ့နောက်က ပါလာတဲ့ သူ့သမီး ယုလော်ကို
မြင်တော့.ပိုတောင် အံ့အားသင့်သွားတယ်။

'' ဒေါ်လေး.....ဘာလို့...''

ဇီမိူလည်း အလျင်စလိူ မတ်တပ်ရပ်လိူက်တယ်။
သူ့မျက်နှာတစ်ခုလုံးမှာ စိုးရိမ်ကြောင့်ကြမှု
အထင်းသားနဲ့။ ဘာကိစ္စ ယုလော်ကို ဒေါ်လေးက
ခေါ်လာရတာလဲ။ သည်လောက်အပြင်လူတွေ
အများကြီးရှိနေတာကို ၊ တစ်ခုခု ဖြစ်သွား
ဘယ်လိုလုပ်မလဲ။



ကျူ းယောင်ကြည့်လိုက်တော့ ခုံအလွတ်ဆိုတာ
မရှိတော့ဘူး။ ဒါနဲ့ပဲ လွတ်သွားတဲ့ ဇီမို့ခုံဆီပဲ
သွားကာ ထိုင်ချလိုက်ရတယ်။ စိတ်မကောင်း
ပါဘူး ဇီမိုရေ။ ရှင့်ခုံကို အနိုင်ကျင့်ပြီး လုထိုင်ရ
တာကို ကျောက်စိမ်းသစ်တောတောင် ရဲ့
တရားမဝင် အစဉ်အလာပဲ။

ယုလော်လည်း သူ့အဖေကို နှုတ်ဆက်ပြီး
သူ့ဆရာနောက်နားမှာ မတ်မတ်ရပ်လိူ့နေတယ်။

ဇီမို့ ခမျာ ဒေါသတွေ တငွေ့ငွေ့ထွက်လာတယ်။

ဒါပေမဲ့ သူ လုပ်လို့ရတာ ဘာမှ မရှိဘူး။
စိတ်ထဲက ဒေါသကို ထိန်းရင်းသာ တြိတ်ဖြေ
နေရတယိ။

,သူ့သမီးကို ခေါ်လာရတာ အကြောင်းပြချက်
ရှိလို့ နေမှာပါနော်။ သူ့ အဖိုးတန်သမီးလေး
အတွက် စိတ်ပူလှပြီ။


နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Onde histórias criam vida. Descubra agora