၄. ကိုကိုကြီး (Z+U)

67.4K 9.7K 297
                                    

Zawgyi

"ဆယ်တန်းအောင်တယ်ဆို"

"ဟုတ်ကဲ့"

ဘာကြောင့်မှန်းမသိ ရှင်းသန့် အနေရခက်စွာ မျက်နှာလွှဲထားမိတယ်။ပူတက်လာတဲ့ ပါးပြင်နှစ်ဖက်ရော၊ စိုစွတ်လာတဲ့ မျက်တောင်ဖျားတွေကအစ သူ့ဆန္ဒတစ်စုံတစ်ရာ မပါပါဘဲ ဖြစ်မြဲသဘောတရားတွေလို။
ကျစ်.. ...
ကွာ....... စိတ်ရှုပ်လိုက်တာ။

"ပြောင်းလဲသွားတယ်"

ဟင်..
ဆတ်ခနဲ မော့ကြည့်လိုက်မိတဲ့ မျက်ဝန်းဝိုင်းတွေက အထိတ်တလန့်။
ဘာလဲ..
ရိပ်မိသွားတာလား?

"ကိုယ်သိတဲ့ ရှင်းသန့်နဲ့ မတူတော့သလိုပဲ။ဝမ်းသာပါတယ်"

ပြုံးနေတဲ့ဘဲကြီးနှုတ်ခမ်းပါးတွေက ဆိုးဆေးအကူမလိုပါဘဲ နီစွေးနေသည်မှာ ပုံမှန်ထက် ပိုဖြူတဲ့ အသားအရေကြောင့်ဖြစ်ပါလိမ့်မည်။အရှေ့ကို တလှမ်းချင်းတိုးလာတဲ့ ဘဲကြီးခြေလှမ်းတွေကြောင့် ရှင်းသန့် နှလုံးခုန်သံတွေက အိမ်ရှေ့က ဒိုးပတ်သံတွေနည်းတူ ဆူညံလာ၏။
What the fxxk..
ငါ ဘာတွေဖြစ်နေတာလဲ?

မျက်နှာချင်းဆိုင်မှာ ခြေစုံရပ်လိုက်တဲ့ ဘဲကြီးကို ရှင်းသန့် မော့ငေးနေမိတယ်။

"မင်းးး"

ရှေ့ကိုတိုးလာတဲ့ ဘဲကြီးမျက်နှာကြောင့် ရှင်းသန့် နှလုံးခုန်သံတွေက တဒိန်းဒိန်းမြည်လာသည်။ဖြောင့်စင်းသည့် နှာတံမြင့်မြင့်နဲ့ သေသပ်ပိရိတဲ့ နှုတ်ခမ်းပါးအပြင် အညိုရောင်လုလု မျက်ခုံးထူထူ၊ဘဲဥပုံမျက်နှာကျတို့နဲ့ ပြီးပြည့်စုံတဲ့ ဘဲကြီးမျက်နှာက  သူ့ကိုအလိုလိုအာစေးမိစေတယ်။

"ခုချိန်ထိ နမော်နမဲ့နိုင်တုန်း"

ပါးပြင်ပေါ်ဆွဲဖိပွတ်လိုက်တဲ့ ကြီးမားတဲ့ လက်ဖဝါးအထိအတွေ့ကြောင့် အင့်ခနဲ အသံထွက်သွားမိတယ်။ထိတွေ့သွားမိတဲ့ ပါးပြင်တဖက်က တဖြည်းဖြည်းမြင့်တက်လာတဲ့ အပူချိန်ကြောင့် ရှင်းသန့် အသက်အောင့်ထားမိသည်။

"အိုးမည်းတွေပေအောင် ဘာတွေများလုပ်ထားတာလဲ?"

မျက်နှာရှေ့ ထောင်ပြလာတဲ့ လက်ဖဝါးပြင်မှာ ပေနေတဲ့ အမဲရောင်တွေက သူ့ပါးပြင်ပေါ်က အိုးမည်းတွေလား?

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now