Zawgyi
သေဘာၤဆိပ္ကေန မြို့ထဲခြေချမိသည်နှင့် သန့်ရှင်းနေသော ကမ်းနားလမ်းကြီးက မိန့်မိန့်ကြီးကြိုဆိုတယ်။ပင်လယ်ကူးသဘောင်္ကြီးတွေ ဝင်ထွက်နေရာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးက ခမ်းနားတဲ့ လွတ်လပ်ရေးရပြီးသည့်တိုင် ကိုလိုနီမြို့ပြပုံရိပ်ထင်ကျန်နေဆဲ။
၂၁ရာစုလို ပေါပေါလောလောကန်ထရိုက်တိုက်တာတွေမများသော်လဲ စနစ်တကျ တည်ဆောက်ထားတဲ့ဗြိသိလျှလက်ရာ ရုံးအဆောက်အအုံကြီးတွေက ထည်ဝါမှုအပြည့်ဖြင့်။
လေးဘီးကားအပြင် သုံးဘီးကားတို့ သွားလာနေရာ ရှင်းလင်းနေသော လမ်းမကြီးကို ဘယ်ကြည့်လိုက် ညာကြည့်လိုက်နှင့် ရှင်းသန့် မျက်လုံးတွေက အံ့သြမှုကြောင့်ဝိုင်းစက်နေသည်။
အမှိုက်တစ်စမရှိတဲ့ ရန်ကုန်ဟာ သူသိတဲ့ ရန်ကုန်မဟုတ်ပေ။နေရာ၊ဒေသ၊လူမျိုးအားလုံး တူသည့်တိုင် ဆယ်စုနှစ်တွေအကြာမှာဆိုးရွားစွာ အောက်ကို တိုးကျသွားတဲ့ မြို့ပြပုံရိပ်က သိပ်ရှက်စရာကောင်းလှကြောင်း ရှင်းသန့် ယခုမှ သဘောပေါက်မိသည်။
"သဘောကျလား?"
ခေါင်းပေါ်ခပ်ဖွဖွအုပ်ကိုင်လာတဲ့ လက်ဖဝါးပြင်ကျယ်အထိအတွေ့ကြောင့် ဘေးကို မော့ကြည့်ကာ စိတ်လိုလက်ရပင် ခေါင်းညိတ်ပြလိုက်မိသည်။တောကြည့်တောင်ကြည့်လုပ်နေတဲ့ ရှင်းသန့်အသွင်က လူကြီးအမြင်မှာ တောက တက်လာတဲ့ တောသားလေးလို့များ ထင်သွားလိမ့်မလားပဲ...
မတတ်နိုင်ပေ...
တကယ်လဲ...
ဒီပတ်ဝန်းကျင်က သူ့အတွက် မရင်းမှမရင်းနှီးပဲလေ...မနက်ခင်းဝေလီဝေလင်းကာလမို့ အအေးဓာတ်က မပြယ်သေးတာကြောင့် ရှင်းသန့်နှာခေါင်းထိပ်လုံးလုံးလေးတွေ၊ပါးပြင်လေးတွေက အေးစက်ကာ ပန်းရောင်ပြေပြေသမ်းနေတယ်။
မျက်ခုံးနှစ်ခုကြား နှာအရင်းကို လက်ညိုးနှင့်လက်မသုံးကာအသာနှိပ်နယ်နေတဲ့ မောရက တစ်ညလုံးမအိပ်ထားတာ၍ထင်။အနည်းငယ်နွမ်းနေဟန်နှင့်မျက်နှာနှင့်ပင် ပြုံးကာ ရှင်းသန့် ပါးကို မချင့်မရဲ ဖွဖွညှစ်တယ်။
YOU ARE READING
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasy"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...