Zawgyi
"ဘာဖြစ်နေတာလဲ?"
"ဟင်....."
သည်းမခံနိုင်တော့တဲ့အဆုံး
ကြီးမားကျယ်ပြန့်တဲ့ လက်ဖဝါးပြင်ကို အသာဆုတ်ကိုင်ရင်း မေးလိုက်တော့မှ ကားမောင်းနေရာကငဲ့ကြည့်လာတဲ့လူကြီးက ယခုမှ အသိဝင်လာသလိုမျိုး။အပြန်လမ်းတစ်လျှောက်လုံးတင်သာမက အိမ်ရောက်လုထိတိုင် အတွေးများနေဟန် လူကြီးရဲ့ ပယင်းရောင်မျက်ဝန်းတွေက သိုသိပ်လွန်းလှသည်။
ဘာတွေ တွေးနေပြန်တာလဲ?
လူကြီးရာ...ရှင်းသန့် အလိုမကျစွာ မျက်မှောင်ကျုတ်မိပြီး
"ဘာဖြစ်နေတာလဲလို့...။တလမ်းလုံးလဲ ဘာမှ မပြောဖူး"
လက်တဆစ်သာသာရှိတဲ့ စိတ်လေးက တိုချင်လာတော့ ရှင်းသန့်နှုတ်ခမ်းဖူးဖူးတွေက ရှေ့ကိုဆူထော်လာတယ်။အဆုံးစွန်ထိ ရင်းနှီးထားခဲ့တဲ့ သူ့ကိုပင် ဒီလူကြီးဟာ ဘာတွေ လျှို့ဝှက်ချင်နေမှန်းမသိ...
အရုပ်ကလေးလို လှတဲ့ ကောင်ချောလေးက အလိုမကျသည့်တိုင် ထိုင်ကြည့်ချင်စရာကောင်းအောင်
ချစ်ဖို့ကောင်းလှတာကြောင့် မောရ နှုတ်ခမ်းတို့တွန့်ကွေးကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
တကယ်ပါပဲ..
သိပ်ကို ဆုတောင်းကောင်းလွန်းတဲ့
ကိုယ့်ကလေးငယ်ငယ်..."ဘာ မှ မဖြစ်ပါဖူး"
"......"
ယောကျာ်းလေးတန်မဲ့ သွယ်လျလွန်းတဲ့ လက်ချောင်းနုနုတို့ကို အသာပြန်ဆုပ်ညှစ်ရင်း ဘာမှမဖြစ်ကြောင်းပြောသော်လဲ ဉာဏ်ကောင်းလွန်းတဲ့ ကောင်လေးက မယုံချင်သေးသလို အကြည့်တွေနှင့်လူကို တရားခံတစ်ယောက်လိုမျိုး စိုက်ကြည့်နေဆဲ။သိပ်ကို လူကဲခတ်တော်လွန်းလာတဲ့ ကလေးငယ်ကြောင့် မောရ မနေနိုင်စွာ အသံထွက်ရီလိုက်မိသည်အထိ။
"ဪဗျာ... တကယ်ပါဆို။ဟော...ပြောရင်းအိမ်တောင်ရောက်ပြီ"
ခြံရှေ့နားမရောက်ခင် ကားကိုဖြေးဖြေးချင်းရပ်လိုက်ပြီးနောက် ရှင်းသန့်ဘက်လှည့်ကာ
ပျော့အိနေသော ရှေ့ဆံပင်အုပ်အုပ်တို့ကို အသာဆွဲဖွလိုက်တော့ မျက်လုံးလေးမှိတ်ကာ ငြိမ်ခံတဲ့ ကလေးငယ်။တလှုပ်လှုပ်ဖြစ်နေသော ကော့ညွှတ်နေသည့် မျက်တောင်ဖျား တွေကို ကြည့်ပြီး မောရသက်ပြင်းသဲ့သဲ့ ကြိတ်ရှိုက်လိုက်မိတယ်...
ဒီကောင်လေးနှယ်..
စိတ်မချလွန်းလို့..
ဘယ်လိုလုပ်ရပါ့..
YOU ARE READING
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasy"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...