၄၄. မင်းဘယ်သူလဲ? (Z+U)

35.8K 5.1K 176
                                    

<Zawgyi ဖြင့်ဖတ်ရန်>

သတ္တ၀ါငယ်လေးတွေရဲ့အော်သံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသော ညက ကြယ်အလင်းရောင်သဲ့သဲ့သာအလင်းရှိသည်ဆိုရုံမျှ။လိုက်ကာစကို အသာပြန်ချကာ ရှင်းသန့်သက်ပြင်းငွေ့ငွေ့ချရင်း ဘေးကို ငဲ့ကြည့်တော့ အသက်ရှုသံမှန်မှန်ဖြင့် လူကြီးက အိပ်မောကျနေသည်။ကုန်စင်နေတဲ့ကော်ဖီပန်း ကန်ကို သိမ်းလိုက်ပြီးနောက် ရှင်းသန့်အိပ်ခန်းထဲပြန်ဝင်လာသည့်တိုင် လူကြီးက တုပ်တုပ်မျှပင်မလှုပ်သေး။ဒီရက်ပိုင်း သူ့ပယောဂကြောင့် ကောင်းမွန်စွာ အိပ်ပျော်ပုံမရတဲ့ လူကြီးက အိပ်ဆေးအရှိန်ကြောင့်ပါ ပေါင်းကာ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်နေပုံရသည်။ပြေပြစ်သောနဖူးပြင်ကျယ်ပေါ်အနည်းငယ်ကျနေသော ရွှေအိုရောင်ဆံခြည်တို့ကို အနောက်ကို ဆွဲသပ်တင်ပေးလိုက်ပြီးနောက် နှုတ်ခမ်းဖြင့် ဖွဖွဖိကပ်လိုက်မိတယ်....
တစတစပိုတိုးလို့သာ ချစ်လာမိတဲ့အချစ်တွေနဲ့ ဒီလူကို သူဘယ်လို လက်လွှတ်နိုင်ပါ့မလဲလေ.....

"ခဏလေးပဲ....ပြန်လာခဲ့မယ်နော်.."

အအိပ်ဆတ်သောသူပီပီမျက်တောင်ဖျားတွေအနည်းငယ်လှုပ်ခတ်လာတဲ့လူကြီးက မျက်လုံးဖွင့်လာသည့် အဆင့်ကိုပင်မရောက်နိုင်ဘဲ ပြန်လည်အိပ်မောကျသွားပြန်သည်။အသက်ရှုသံပြန်မှန်သွားတာသေချာမှ ရှင်းသန့် စာရေးစားပွဲပေါ်တွင် လွှားထားသော ဆွယ်တာကိုယူဝတ်ကာ ထွက်လာလိုက်သည်။

အိမ်ပြင်ထွက်လိုက်သည်နှင့် အေးစိမ့်နေသော လေထုက တကိုယ်လုံးကိုထွေးပိုက်သွားတာကြောင့် ဆွယ်တာကို တင်းတင်းကို ဆွဲစေ့လိုက်မိတယ်။ရှင်းသန့်တို့ တိုက်ငယ်လေးက တောင်ကုန်းပေါ်မှာ သီးသန့် ဆောက်ထားတာဖြစ်တာကြောင့် အိမ်ခြေတို့နှင့် အတော်လှမ်းလို့နေသည်။

ရှင်းလင်းနေသော ခပ်ပြေပြေမြေညီလမ်းအတိုင်း တောင်အောက်ကို ခပ်သွက်သွက် ဆင်းလာရင်း ရှင်းသန့် စိတ်လှုပ်ရှားနေမိတယ်...

တောင်ကုန်းအဆုံးလိမ္မော်ခြံနားတွင် ရပ်နေသော လူရိပ်ကို ခြေလှမ်းကို ပိုမြန်လိုက်ကာ

"ဆရာ .........လား"

ရှင်းသန့် အသံပြုလိုက်တော့ လှည့်လာကြည့်တဲ့ လူရိပ်က အလင်းရောင်မရှိတာကြောင့် မျက်နှာကို သေချာမမြင်ရဘဲ ၀ိုးတ၀ါးဖြစ်နေသည်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now