၇. ရုပ်ရှင်ရုံထဲမယ်-၂ (Z+U)

62.9K 9.1K 325
                                    

Zawgyi

"ဦးဦး အိပ္သြားၿပီ။ဒယ္ဒီ.."

ငယ်စဉ်တည်းက ရုပ်ရှင်မကြိုက်သူမို့ ဆိုဖာနောက်မှီမှာ ခေါင်းမှီပြီးမျက်လုံးတွေအသာမှိတ်ထားတဲ့ သူ့ကို သမီးက အသံတိုးတိုးနဲ့ ပြောလာတယ်။

"ဟုတ်ပါရဲ့။အိပ်ပျော်သွားပြီ"

ခုနက အမောက်တထောင်ထောင်နဲ့ ရန်တွေ့ခဲ့တာ သူမဟုတ်သလိုမျိုး အညိုရောင်ဆွယ်တာလေးထဲ မြုပ်နေတဲ့ ရှင်းသန့်က ဆိုဖာနောက်မှီပေါ် ဇက်ပင်ကျိုးကျနေသည်။ဆယ်ကျော်သက်အရွယ်ြ
ပည့်စုံလာတဲ့ ချောမောမှုတွေနဲ့ ကောင်လေးက သူ့မျက်လုံးထဲတော့ ခုချိန်ထိ ချောကလက်တွေ ပေပွနေအောင် စားတတ်တဲ့ ကလေးလေးအဖြစ်ရှိနေဆဲ။

အမူအကျင့်လေးတွေနည်းနည်းပောင်းလဲသွားတာက လွဲလို့ပေါ့။

"ဦးဦးက ချစ်စရာလေးနော်..ဒယ်ဒီ။အရုပ်လေး ကျနေတာပဲ"

သွေးရောင်လွှမ်းနေတဲ့ ရှင်းသန့်ပါးပြင်ကို အသည်းတယားယားဖြစ်ပြီး လက်ညိုးလေးနဲ့ တို့ထိချင်နေတဲ့ သမီးက ထိုင်မလိုထမလို လှုပ်ရွနေတယ်။သမီး လသားအရွယ်တစ်လျှောက်လုံး လူအလစ်ဆို လာလာခိုးမွှေးတတ်တဲ့ ရှင်းသန့်ကို မမှတ်မိသည့်တိုင်မသိစိတ်က ခင်တွယ်နေပုံပင်။

"Anna .. ဦးဦးလို့မခေါ်ရဖူး။ရှင်းသန့်က သမီးနဲ့ အသက်မှ သိပ်မကွာတာ။ကိုကိုလို့ပဲခေါ်ရမယ်။ကြားလား?"

သိချင် စူးစမ်းချင်တဲ့ အရွယ်မှာ မောရ သမီးကိုအလိုလိုက်ပြီးရွေးချယ်မှုမပေးပါ။မိဘစကားတစ်ခွန်းဆိုတာနဲ့ပဲ လိုချင်သည့်ဘက်ကို ရအောင် ဆွဲယူသည်။

"ဟုတ်"

သူ့စကားကို လွယ်လွယ်ပင် ခေါင်းညိတ်လက်ခံတဲ့ သမီးက ရှင်းသန့် မျက်နှာပေါ်တွင်သာ အာရုံရောက်နေလို့လားမပြောတတ်။

အရင်တခါ အလှူမှာ တွေ့ပြီးတည်းက အရုပ်လေးနဲ့ တူတဲ့ ဦးဦးဆိုပြီး ရှင်းသန့်ကိုချစ်နေရှာတာ။
သမီးတစ်နှစ်အရွယ် သူတို့တစ်မိသားစုလုံး မန်ချက်စတာ ကိုပြောင်းသွားပြီးတည်းက အရင်နှစ်တွေသူမြန်မာပြည် ပြန်လာတဲ့အခါတိုင်း ခရီးဝေးလို့ သမီးကို မခေါ်လာဖြစ်ပေ။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now