၄၁. Good night Z+U

35.8K 5.4K 66
                                    

Zawgyi

"မင်းတကယ် လုပ်ရက်တယ်"

မျက်ရည်စတို့ဖြင့် ရဲရဲနီနေသော ပယင်းရောင်မျက်ဝန်းတွေ...။
ဆို့နစ် တင်းကြပ်လာသော ရင်အစုံနှင့် ရှင်းသန့် ရှင်းပြဖို့ရာ စကားလုံးတွေက လည်ချောင်းထဲကနေ အပေါ်ကိုဆန်တက်မလာခဲ့....။
မငိုပါနဲ့.... ခင်ဗျားရယ်...
အပြစ်ရှိသူက ကျွန်တော်ရယ်ပါ...

"ဒါပေမဲ့ မင်းသိလား?ကိုယ်ချစ်တာမင်းမဟုတ်ဘူး"

နားထဲ ဗုံးပေါက်သလို အုန်းခနဲ...။
သိတယ်...
ခင်ဗျားချစ်တာ ကျွန်တော်မဟုတ်မှန်း။

သိပါ တယ်...
မပြောလဲ သိတာ  ကြောင့်မို့
ထပ်မပြော    ပါနဲ့တော့

စပ်ဖျင်းဖျင်းဖြစ်လာသော မျက်ခမ်းသားတွေကို အယောင်ယောင်အမှားမှားလက်နှင့် အုပ်ကိုင်မိတော့ ပါးပြင်ပေါ်ထိ တလိမ့်လိမ့်စီးကျနေသော မျက်ရည်စတွေရဲ့ပူနွေးနွေးအထိ တို့ကိုခံစားရသည်။

"ဘာလို့လိမ်ခဲ့ရတာလဲ?"

ကျွန်တော်ပြောတော့ရော ခင်ဗျားက
နားထောင်မှာတဲ့လား?

"......."

"ဟားး...........မင်းရင်ထဲမှာတော့ ကိုယ့်ကို ကြိတ်ပြီး လှောင်ပြောင်နေခဲ့မှာပဲ"

နဖူးပေါ်ဝဲကျနေသော ရွှေအိုရောင် ဆံစတွေကို နောက်ကို ဆွဲသပ်တင်ရင်း မောရနှုတ်ခမ်းပါးရဲရဲ ရဲ့ ထောင့်ချိုးတွေက ခပ်မဲ့မဲ့တွန့်ကွေးလို့သွားတယ်...

နောက်ဆုံးကျ
နောက်ဆုံးကျ
ကျွန်တော့်အပြစ်တွေချည်းပဲလား?

ချစ်ခဲ့မိတဲ့တစ်လျှောက်လုံး
သူတစ်ပါးပစ္စည်းကို
ခိုးယူထားတဲ့ သူတစ်ယောက်လို
ပိုင်ဆိုင်မှုမျိုးနဲ့
ကျွန်တော်ဘယ်လောက်
နေ့နေ့ညည စိုးထိတ်နေခဲ့ရသလဲ?

ခင်ဗျား ချစ်တာ ...
ခင်ဗျား ချစ်တာ....
ကျွန်တော်မဟုတ်မှန်းသိရက်နဲ့တောင် .............

ဘယ်လောက်
မျက်နှာပြောင်တိုက်ပြီး
အားတင်းခဲ့ရလဲ?

"မုန်းနိုင်တယ်..."

မျက်ရည်စတို့ရစ်တွယ်ခိုနေသည့်တိုင် မာန်မကျသော ရှင်းသန့်မျက်ဝန်းနက်တွေနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေက တုန်ယင်မှုကို အန်တုလို့။မာန်ဖီနေတဲ့ ကျားပေါက်လေးလို ရှင်းသန့်မျက်ဝန်းတွေက စူးရဲနေတယ်...

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now