၄၅. ပြန်မတွေ့ကြရအောင် (Z+U)

38.1K 5.6K 325
                                    

Zawgyi

"မင်း.....ဘယ်သူလဲ?"

"....."

ကြောင်အစွာ မော့ငေးလာတဲ့ ကောင်ငယ်လေးဟာ သူသိပ်ချစ်သော မျက်ဝန်းဝိုင်းတို့ ဖြင့်။

ခုချိန်ထိ အိပ်မက်ထဲမှာ လမ်းလျှောက်နေရသူလိုမောရ အသိစိတ်ကေ၀၀ါးနေဆဲ..

"ဘာတွေပြောနေမှန်း ကျွန်တော် နားမလည်ဖူး"

ဖျတ်ခနဲအကြည့်လွှဲသွားရင်း သူ့ လက်ထဲက ရုန်းထွက်ဖို့  ပြင်နေတဲ့ကောင်လေးကြောင့် မောရရင်ထဲ လှိုင်းထန်မှုက ၂ဆတိုးလို့ လာတယ်..။အောက်နှုတ်ခမ်းကိုဖိကိုက်ထားတဲ့ ရှင်းသန့် က ထိလိုက်တာနဲ့ကြွေကျလာနိုင်တဲ့မျက်ရည်စတွေကို မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သိမ်းဆည်းနေသည်မှာ ဘာမျှမသိတဲ့သူတစ်ယောက်နှင့်မတူလှစွာ။

ဘာလို့ များ ခုချိန်မှ သရုပ်ဆောင်သိပ်ညံ့ဖျင်းနေရတာလဲ?ကလေးငယ်....

မောရအံတင်းတင်းကြိတ်လိုက်မိကာ ရှင်းသန့် လက်မောင်းသွယ်သွယ်ကို အားနှင့်ဆုပ်ညှစ်လိုက်မိသည်။

"ပြောစမ်းပါ....မင်း ဘယ်သူလဲ?"

ယူကြုံးမရမှုတို့ နှင့် မယုံကြည်နိုင်မှုတို့ က သူ့ ရင်ကို တတိတိလှိုက်စားနေတယ်..

ခေါင်းတစ်ဖက်ကို စောင်းထားတဲ့ ရှင်းသန့် က လည်ပင်းသွေးကြောတွေ ပေါ်လာတဲ့ အထိ အောက်နှုတ်ခမ်းလွှာကိုတင်းတင်းဖိကိုက်ကာ ငြိမ်သက်နေဆဲ။

ကူကယ်ရာမဲ့သလိုခံစားချက်မျိုးနဲ့  မောရလက်ချောင်းထိပ်တွေကပင် တုန်ယင်လို့ လာသည်။

ကျေးဇူးပြုပြီး...

ကျေးဇူးပြုပြီး...

မင်းကိုယ်တိုင်သာ မဟုတ်ဖူးပြောလိုက်....

ကိုယ် လက်ခံပေးမှာမို့ 

ကိုယ်.......အကြွင်းမဲ့ယုံပေးမှာမို့ 

"ဟက်....."

ရုတ်တရက်ရီသွမ်းသွေးလိုက်တဲ့ ရှင်းသန့် ကို မောရကြောင်အစွာငေးမိသည်။

"တကယ်ပါပဲ.....အကြာကြီးအတူရှိချင်ကာမှ"

ရေရွတ်သလို ခပ်တိုးတိုးပြောရင်း သူနှင့်အကြည့်ချင်းဆုံလာသည့် ရှင်းသန့် က
နှုတ်ခမ်းထောင့်စွန်းတွေ တွန့် ကွေးသည်အထိ ခပ်မဲ့မဲ့ပြုံးရင်းဖြင့်။သွားဖြင့်ဖိကိုက်ထားသော အောက်နှုတ်ခမ်းလွှာမှ ပေါက်ပြဲဒဏ်ရာကသွေးရဲရဲပင်စို့နေလေပြီ။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now