Zawgyi
"ဆောရီး.. ကိုယ်ကြာသွားတယ်.."
မျက်နှာချင်းဆိုင်ခုံမှာနေရာဝင်ယူတဲ့ မောရက အားနာလေဟန် မျက်ဝန်းတို့နှင့်ကြည့်လာတော့ ရှင်းသန့် ခေါင်းခါကာ ကိစ္စမရှိကြောင်းပြောပြီး ပန်းကန်ထဲက နောက်ဆုံးလက်ကျန် ပန်းသီးစိတ်ကိုယူကာ ကိုက်လိုက်သည်။အိမွတ်နေသော ပန်းသီးစိတ် အရသာကချိုမြအေးစိမ့်စွာ လျှာဖျားထဲ တစိမ့်စိမ့်ပျံ့နှံ့သွားကာ ကောင်းမွန်လှသည်။
ဪ.. ဟိုတယ်ဖြစ် ပန်းသီးပေပဲကိုးးး ..."ဒါနဲ့ သူက ဘယ်သူလဲ??"
ပါးစပ်ထဲက ပန်းသီးကို တမြုံ့မြုံ့ဝါးနေရင်း တစ်ဖက်ဝိုင်းကို မျက်စလှမ်းပစ်ပြတဲ့ ရှင်းသန့်က ဘာကိုမှ အလေးမထားသည့် ခေတ်လူငယ်တစ်ယောက်အသွင်အပြည့်ဖြင့်။စိတ်ထဲရှိတဲ့ အတိုင်းပင် ဘာမျှဟန်ဆောင်နေရခြင်းမရှိတာကြောင့် ရှင်းသန့်မျက်ဝန်းကအစ အမူအရာသေးသေးလေးတွေကအထိ လွတ်လပ်ပေါ့ပါးနေသည်။
"အမ်း... ဘယ်လိုပြောရမလဲ?အခုတော့မိတ်ဆွေပေါ့။အရင်တုန်းကတော့ ကိုယ့်လူနာ"
ပိပြားနေအောင် ဖီးသင်ခြင်းမခံထားရတဲ့ ရွှေအိုရောင်ဆံပင်တွေကို အနောက်ကို ဆွဲသပ်တင်ရင်း မောရက ခပ်အေးအေးဖြေကာ ဝိုင်းလည်က ပေါင်မုန့်ပန်းကန်ကို လှမ်းယူတယ်။
"ဪ......"
မောရစကားအဆုံးမှာ အာမေဋိတ်သံဖွဖွပေးပြီး ငြိမ်သွားတဲ့ ရှင်းသန့်က ဘာမှ ဆက်မပြောတော့ဘဲ လက်ထဲက ပန်းသီးစိတ်ကိုသာ ရှဥ့်ပေါက်လေးလို တတိတိကိုက်စားနေသည်။
မောရ စားချင်စိတ်မရှိသော်လဲ မနေ့တည်းက ဘာမျှ မစားရသေးတာကြောင့် ပေါင်မုန့်ပေါ် သံလွင်ဆီအနည်းငယ် သုတ်ကာ ကြက်ဥထပ်ပြီးပဲ လွယ်လွယ်စားလိုက်သည်။အစားစားရင် အာရုံမများတတ်တာကြောင့် သူနှင့် ရှင်းသန့်ကြားတွင် ငြိမ်သက်ခြင်းက တစ်ခဏမင်းမူတယ်..စားသောက်ပြီးစီးချိန်ရောက်လို့
အရှေ့ကိုကြည့်လိုက်တော့ ပြောင်နေတဲ့ ပန်းကန်တွေနဲ့အတူ ပါးစပ်ထဲခက်ရင်းတန်းလန်းနှင့် ကောင်ငယ်လေးက တစ်ဖက်ဝိုင်းထံစပ်စုနေပြန်သည်။
ESTÁS LEYENDO
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasía"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...