၁၅. ပြောင်းလဲသွားသော ကလေးငယ် (Z+U)

63.2K 8.8K 352
                                    

Zawgyi

"ရော့ ...ဖြေးဖြေးသောက်"

လက်ထဲရောက်လာတဲ့ မတ်ခွက်ထဲမှာ နွားနို့ပူပူ က အငွေ့တထောင်းထောင်းထလို့နေတယ်။

"အဟမ်းး....မသောက်တော့....."

ချောင်းတချက်ဟန့်ကာ ဟန်ကိုယ့်ဖို့ ငြင်းရန်ပြင်လိုက်စဉ်မှာပင်..

ဂြီ....

"အဲ....."

သောက်ချင်စရာကောင်းအောင် မွှေးတက်လာတဲ့ နွားနို့နံ့ကြောင့် ရှင်းသန့် အစာအိမ်က မြည်သံပေးအချက်ပြတော့ မျက်နှာ တပြင်လုံးပူထူအောင် ရှက်သွားမိသည်။

"သောက်လေ..။ကိုယ် ကွတ်ကီးတွေ ယူလာတယ်..တွဲစားပေါ့"

ရှင်းသန့်အဖြစ်ကိုကြည့်ပြီး
နှုတ်ခမ်းပါးတွေက ပြုံးယောင်သမ်းသွားပေမဲ့ တခဏသာ။
မာနသိပ်ကြီးပုံရတဲ့ လူကြီးမျက်နှာက တည်တယ်ဆိုတာထက် နဂိုတည်းကအပြုံးအရီနည်းလေ့ရှိပုံမျိုး။

မူလရှင်းသန့်ရဲ့ ငယ်ဘဝမှတ်ဉာဏ်တွေထဲမှာ အမြဲတမ်းပြုံးရီနေလေ့ရှိတဲ့ လူကြီးက လက်တွေ့မှာတော့ တခါတရံမှသာစိတ်လိုလက်ရ ပြုံးလေ့ရှိသလိုပဲ။

ကြွေပန်းကန်ပြားပေါ်မှာ အစီအရီထည့်လာတဲ့ ကွတ်ကီးပန်းကန်ကို လူနာခုတင်ပေါ်လာတင်ပေးတော့ ရှင်းသန့်ခေါင်းရင်းဘက် နောက်ဆုတ်ထိုင်လိုက်ရင်း

"ဒါက လူနာခုတင်မလား?မုန့်အမှုန်တွေကျကုန်မယ်"

တကယ်တမ်း စိတ်ရင်းနဲ့
အားတုံ့အားနာပြောလိုက်မိတာဖြစ်ပေမဲ့ အကြောတင်းနေသေးတဲ့မျက်နှာနဲ့ မပျော့ပျောင်းတဲ့ လေသံက ဆတ်တောက်တောက်ဖြင့်သာ ထွက်လာသည်မှာ အစောက အတင်းဖက်ယက်ပြီး ငိုခဲ့တာ ကိုယ်မဟုတ်ခဲ့တဲ့အတိုင်း။

"မနက်ကျ သန့်ရှင်းရေးလာရင် လဲလိမ့်မယ်။ကိစ္စမရှိဘူး"

ဘေးတွင် ထိုင်ခုံတစ်လုံးနှင့် အကျအနဝင်ထိုင်သည့် လူကြီးက အင်္ကျီပင် မလဲရသေး။ကြက်သွေးရောင် စပို့ရှပ်ရင်ဘတ်နားမှာ အစောပိုင်း ငိုတုန်းက ပေထားတဲ့ မျက်ရည်စတွေက အကွက်လိုက်ဖြစ်နေတာကိုမြင်တော့ ဆတ်ခနဲ မျက်နှာလွှဲလိုက်မိသည်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now