၃. အသိတှလေား? (Z+U)

68.2K 9.8K 150
                                    

Zawgyi

"ခွေးမရေ.. စောမြရေ.. ဒီမှာ ဟင်းရည်ကုန်နေပြီ ။လုပ်ပါဦးဟဲ့"

အိမ်ရှေ့က တစာစာအော်နေတဲ့ မမငယ်ရဲ့ အော်သံက နောက်ဖေးမီးဖိုခန်းထဲထိ ပျံ့လွင့်လာတယ်။

"သွားပါ.. အကိုလေးရယ်..ကျွန်မလုပ်လိုက်ပါ့မယ်"

အိမ်အပြင်ဘက်
ရေကန်ဘေးမှာ ခွေးခြေပုနဲ့ထိုင်ပြီးအကျိတ်အနယ် ပန်းကန်ဆေးနေတဲ့ ရှင်းသန့်နားမှာ စောမြက ရှေ့ပြေးရမလို နောက်ပြေးရမလိုနဲ့ ရပ်နေရှာတယ်။အသက်အရဆို ရှင်းသန့်ထက် ကြီးလောက်မဲ့ စောမြက ငယ်ငယ်တည်းက ရွာက ခေါ်လာတဲ့ ဆွေမျိုးဝေးဝေးတော်သူတစ်ယောက်ပေမဲ့ တရိုတသေအကိုလေးဟုသာ ခေါ်တတ်သည်။

"ရပါတယ်။မစော ရယ်..။ဟိုမှာ အိမ်ရှေ့က မမငယ်ခေါ်နေပြီ။ဟင်းရည်သာသွားထည့်ပေးလိုက်"

ကာဘော်လစ်ဆပ်ပြာနဲ့ ပွတ်ပြီးသား ပန်းကန်တွေကို ရေအသန့်ပုံးထဲ ထည့်ဆေးရင်း ရှင်းသန့် အပြုံးတစ်ဝက်နဲ့ ပြောတော့ စောမြခမျာ စိတ်ညစ်ညစ်နဲ့ ဖွတ်မြီးကျစ်ထားတဲ့ ဆံပင်တွေကို ဆွဲလိမ်နေမိတယ်။

"ပြီးရင် အရီးက ကျွန်မတို့ကို ပြောတော့ မှာတော့။သူ့သားကို ခိုင်းလို့ဆိုပြီး"

သနပ်ခါးပါးကွက်တုံးကွက်ထားတဲ့ စောမြ မျက်နှာက စိုးရိမ်ရိပ်တွေအတိုင်းသားကိုမြင်တော့ သူ ရီလိုက်မိတယ်။

"ပြောရင် ကျွန်တော် တာဝန်ယူတယ်ဗျာ"

"ကျွန်တော်မှ မဆေးရင် ဘယ်လိုလုပ်မလဲ?အိမ်မှာ လူကူမှမရှိတာကို..။ကိုကြီးဖေ တို့က ၁၀လမ်းထဲမုန့်ဖက်သွားယူနေတယ်လေ..။ကျန်တဲ့ လူတွေကလဲ ဘုန်းကြီးကျောင်းမှာ လှူဖွယ်တွေသွားပို့နေတာမဟုတ်လား?"

သူဒီလောက်ရှင်းပြနေတာတောင် စောမြက ပေကပ်ကပ်နဲ့ လှည့်ကြည့်လှည့်ကြည့်လုပ်နေသေးတယ်။

"စိတ်မပူပါနဲ့.. သွားပါဆို!ကျွန်တော် ကိုကြီးဖေပြန်လာရင် ရပ်လိုက်မယ်"

ရပ်လိုက်မယ်ဆိုကာမှ စိတ်ချလက်ချနောက်ဖေး မီးဖိုချောင်ထဲ ဝင်သွားတဲ့ စောမြကို ကြည့်ပြီး ရှင်းသန့်ခေါင်းခါမိတယ်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Où les histoires vivent. Découvrez maintenant