၁၃. ဗေဒင်ဆရာကြီးနှင့်တွေ့ဆုံခြင်း (Z+U)

59.7K 8.6K 258
                                    

Zawgyi

"လာစမ်းပါ.. ကိုရှင်းရယ်..နင်ကလဲ မူကိုမူတယ်"

"အေးလေဟယ်.. တခါတလေလေးဟာကို"

"မလုပ်ပါနဲ့ဟာ။ငါတကယ် မသွားချင်လို့ပါ"

ဘေးတစ်ဖက်တစ်ချက်စီက အတင်းဆွဲခေါ်နေတဲ့ မိန်းမငယ်လေး၂ယောက်ကြောင့် ရှင်းသန့်ခမျာလှေကားပေါ်က ကို့ရို့ကားယားအခြေအနေနဲ့ အော်ဟစ်နေရတယ်။ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်ဝတ်ထားတာကြောင့်သာတော်ရော့သည်။မဟုတ်ရင် ပုဆိုးကျွတ်ကျပြီး အရှက် ဟက်တက်ကွဲမည်မှာ သေချာပေါက်။

"ဟဲ့..ဟဲ့.. ဒါကဘယ်လိုဖြစ်လာကြတာတုန်း?"

မြို့ထဲက ပြန်လာပုံရတဲ့ မမလေးနဲ့ မမစန်းရီက လက်ဆွဲခြင်းတွေတံခါးမအဝမှာ အမြန်ချလို့ ပျာပျာသလဲ မေးလာတော့မှ ဆွဲလားရမ်းလားလုပ်နေတဲ့ ကောင်မလေးနှစ်ယောက်က ငြိမ်ကျသွားကာ ရှင်းသန့်လက်ကို ဆတ်ခနဲ လွှတ်ချလိုက်ကြသည်။

"ကေသွယ်တို့ ဗေဒင်သွားမေးချင်လို့။ကိုရှင်းကို အဖော်လာခေါ်တာ..မမ"

"ဪ.. ကေသွယ်တို့ကလဲ ..ယောကျာ်းလေးနဲ့ ဗေဒင်နဲ့က ဘာဆိုင်လို့လဲကွယ်"

တစ်ဦးတည်းသော မောင်ငယ်ကို မိန်းကလေးတွေကြား လုံးထွေးနေတာမြင်ရတော့ မမလေးက စိတ်ထဲ ခုသွားပုံပင်။အရင်လဲ ယုမေနဲ့ ကေသွယ်က အိမ်ကို ရံဖန်ရံခါလာတတ်ပေမဲ့ အခုလို လုံးထွေးနေတတ်တာတော့မဟုတ်။

ဧည့်ခန်းထဲမှာထိုင်။အလ္လာပ သလ္လာပပြော။မုန့်စားပြီး ပြန်ရုံသာ။

"အို.. မမကလဲ! ယောကျာ်းလေးဗေဒင်မမေးရဖူးလို့ ဘယ်သူပြောလဲ?ကေသွယ့် ဒယ်ဒီဆို ယတြာတောင် ခြေသေး"

ခေတ်ဆန်ပြီး ပွင့်လင်းတဲ့ ကေသွယ်ကလဲ ခေသူမဟုတ်ပေ။ကောက်ထားတဲ့ ဂုတ်ကျော်ရုံ ဆံပင်လှိုင်းတွန့်တွေ ဝဲခါအောင် လှုပ်ရမ်းပြီး ပြန်ပြောတော့ မမလေးမျက်နှာလှလှက မဲခနဲ။မမစန်းရီကတော့ အရင်တည်းက အနေအေးသူပီပီ ဘာပြောရမှန်းမသိဘဲ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ ပြသ၁နာဖြစ်မှာစိုးရိမ်နေပုံရသည်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now