၁၀. ထူးဆန်းတဲ့အိပ်မက် (Z+U)

62.8K 8.7K 395
                                    

Zawgyi

⚠️ Warning ⚠️
This part contain some mature dialogue and kiss scenes..⚠️⚠️⚠️⚠️

...
...

"ကျီးဖြူ ကျီးမဲ..တစ်ကောင်တည်း၊ကျီးမဲ ဘယ်မှာနေ.. ကျီးဖြူအိမ်ဘယ်မှာဆောက်... "

"ဟာဗျာ.. ယားတယ်ဆို။ဟားဟားးး... ဟားးဟားး"

ကိုယ်ပေါ် တရွေ့ရွေ့တိုးတက်လာတဲ့ လက်ချောင်းထိပ်တွေအထိအတွေ့မှာ ရှင်းသန့် တွန့်လိန်ကာ ရီနေမိတယ်။စွပ်ကျယ်သားအဖြူရောင်လက်တိုလေးကို ပုဆိုးနဲ့တွဲဝတ်ထားတာမို့ ဖွေးဖွေးအိနေတဲ့ အသားစိုင်လေးတွေက ကိုယ်ကို ရုန်းကန်လိုက်တိုင်း လှစ်ခနဲ နေအောင်ပေါ်လာတတ်သည်။

"ဟော... ဒီမှာဆောက်....အာလောက်လောက်... အာလောက်လောက်"

"ကိုကိုကြီး..."

ချိုင်းကြားထဲ ကလိထိုးလာတဲ့လက်ချောင်းတွေကြောင့် ရှင်းသန့်မျက်နှာရဲရဲလေးနဲ့ ကိုကိုကြီးရင်ခွင်ထဲ လူးလိမ့်နေရှာတယ်။အတန်ကြာအောင် ကလိထိုးနေတဲ့ ကိုကိုကြီးကြောင့် တကျွိကျွိမြည်နေတဲ့ သံခုတင်လေးခမျာသနားစရာကောင်းလှသည်။

"တော်ပြီဗျာ...မောတယ်"

ကိုယ်ပေါ်က အုပ်မိုးထားသော
စွပ်ကျယ်ဝတ်ထားတဲ့ ရင်အုပ်ကျယ်ကြီးကို လက်နဲ့ တွန်းထားရင်း အမောဖြေနေတဲ့ ကလေးငယ်လေး။ရဲရဲနီနေတဲ့ ပါးပြင်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ လူပျိုဖြန်းလေးကို ကိုကိုကြီးက ချစ်မဝစွာ ငုံ့ကြည့်နေရာက နဖူးပြင်ရှင်းရှင်းလေးကို ဖွဖွမွှေးတယ်။

"ဟော... နမ်းပြန်ပြီ"

နှင်းဆီဖူးလို နှုတ်ခမ်းအိဖောင်းဖောင်းလေးကိုမသိမသာ စူပြီး ပြောတဲ့ ကလေးငယ်က မျက်ဝန်းဝိုင်းဝိုင်းလေးကို ပြူးကာ ပြဲကာနှင့်။ဆုတောင်းမှားလာပုံရတဲ့ အရုပ်ကလေးလို ကောင်ချောလေးက ဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတော့လဲ ခက်သားလား။

"ဘာဖြစ်လဲ?ချစ်လို့နမ်းတာပဲကွာ။စိတ်ဆိုးလို့လား?"

ကလေးဆိုးတော့ ချစ်စရာ။လူကြီးဆိုးတော့ ရှက်စရာပေတဲ့။
မျက်ခုံးတန်းကြီးတွေ ကျုံ့ပြီးတစ်ဖန် ငယ်မူပြန် စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ လူကြီးကို ရှင်းသန့် ပြုံးကြည့်နေမိတယ်။
မုတ်ဆိတ်ရိတ်ထားသဖြင့်စိမ်းနေသည့် ပါးရိုးတစ်လျှောက် လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ပွတ်သက်ရင်း ခေါင်းခါပြတော့ မျက်နှာတစ်ပြင်လုံးကျဲချလာတဲ့ အနမ်းတွေက ခပ်ကြမ်းကြမ်းရယ်။
စောင်အဘိုးကြီး..
အသားယူလိုက်တာလွန်ရော..

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now