၂၀. ကိုကိုက အဝေးမှာ (Z+U)

57.1K 8K 456
                                    

Zawgyi

"ကိုကို က သားသိပ်ကြိုက်တဲ့ အနီရောင် စက္ကူစွန်လေးလိုမျိုးပဲ။
ဟိုးးအမြင့်ကြီးမှာ ရှိနေတဲ့ ကိုကို့ကို ငေးကြည့်နေရတာ သိပ်ပျော်စရာကောင်းတယ်...

ဒါ ပေမဲ့လဲလေ...

လက်လှမ်းမမှီနိုင်တဲ့
ကောင်းကင်ကြီးမှာ ရှိနေတဲ့ ကိုကို့ ကို သားလက်ထဲက ကြိုးသေးသေးလေးနဲ့ ဘယ်ချိန်ထိ ဆွဲထားနိုင်မယ်ထင်လဲဟင်?"

သားဘက်က ရစ်လုံးကိုဘယ်လောက်ပဲ အဖြေအလျော့လုပ်ပြီး ဆွဲထားပါစေ....တစ်ချိန်ကျ..
ကိုကို့ဘက်က ပျက်သွားတာနဲ့
..

အဝေးကို လွတ်လပ်စွာ လွင့်မျောသွားတဲ့ ကိုကို့ကို ငေးကြည့်ရင်း

..

သားက..
ဒီတိုင်း.....

ကိုကိုထားခဲ့တဲ့
နေရာလေးမှာပဲ ကျန်ခဲ့ရမှာပါပဲ"

.....၂၀ရာစုတွင်ပြန်လည်မွေးဖွားလာခြင်း....

"ဒီနေ့ဈေးထဲမှာ မောရအန်တီနဲ့တွေ့တော့ အထွေးအကြောင်း တိုင်လိုက်တယ်။စာအုပ်ဆိုင်ကို ခဏခဏလာပြီး အရူးလိုပဲ မောရကိုချည်း တမေးတည်းမေးနေတာ ကျန်တဲ့ စာအုပ်လာငှားတဲ့ သူတွေကလဲ ရှိတော့ မြို့ထဲမှာ အခုဆို အထွေးနဲ့ မောရအကြောင်းက ပြောစရာဖြစ်နေပြီတဲ့"

အထဲက မမကြီးအသံသဲ့သဲ့ကြောင့် ရှင်းသန့် တံခါးခေါက်ရန်ပြင်နေသည့် လက်ကို အသာပြန်ချကာ တံခါးနားပိုကပ်ပြီး နားထောင်လိုက်တယ်။

"ဦးလေးဦးသာသိရင် နှစ်ဖက်မျက်နှာပျက်စရာတွေဖြစ်မှာစိုးလို့အထွေးကို ထိန်းပါဦးတဲ့"

"သူလဲ သူ့အမျိုးသားရှိတဲ့ ရန်ကုန်ကို ပြောင်းတော့မှာဆိုတော့ စာအုပ်ဆိုင်ကလဲ ပိတ်တော့မယ်ပြောတယ်"

"အဆိုးဆုံးက မောရရုတ်တရက်ကြီးထပြန်သွားတာ အထွေးကြောင့်တဲ့။အထွေးခဏခဏလာနေတော့ ရှက်သွားပုံရတယ်"

"ကြားကြားချင်း မြင့်ဖြင့် ရှက်လွန်းလို့ ဘာပြန်ပြောရမှန်းတောင်မသိဖူး..အမရယ်"

အဆုံးတွင် စကားသံဗလုံးဗထွေးနှင့် မမကြီးက ငိုချလိုက်ပုံရသည်။မကုန်ခန်းနိုင်တဲ့ မျက်ရည်စတွေက မျက်လုံးအိမ်ထဲ ပြည့်လာပြန်တော့ ရှင်းသန့် နောက်ကို ဆုတ်လိုက်ရင်း ပြန်လှည့်ထွက်လာလိုက်မိတယ်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now