၈. မယ်ရီခရစ်စမတ် (Z+U)

63.7K 9.3K 416
                                    

Zawgyi

"အထွေးရေ.. မောင်လေးသူငယ်ချင်းတွေလာတယ်...ခဏထွက်လာဦး"

ပုသိမ်မှာ ကျောင်းသွားအပ်ဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေတုန်း အောက်ထပ်က မမစန်းရီအသံကြောင့် ရှင်းသန့် နဝေတိမ်တောင်ပင်ဖြစ်သွားရသည်။
မူလရှင်းသန့်ရဲ့ အသိဉာဏ်ထဲမှာ မှတ်မှတ်ရရသူငယ်ချင်းဆိုလို့ ယုမေနဲ့ ကေသွယ် တို့၂ယောက်အပြင် ပိုမှ မရှိဘဲ။

ပြီးတော့ ဒီလို ညဘက်ကြီးလဲ ဘယ်မိန်းကလေးတွေက ယောကျာ်းလေးကိုလာခေါ်မှာတဲ့တုန်း!

"လာပြီ..."

ခရီးဆောင်လယ်သာအိတ်လေးကို ဘေးခုတင်ခေါင်းရင်းမှာကပ်လိုက်ပြီး ရှင်းသန့် အောက်ကို ဆင်းလာတော့ အိမ်ရှေ့ဆင်ဝင်အောက် သံပန်းတံခါးနားမှာ ရပ်နေတဲ့ ကောင်လေးတွေတဖွဲ့နဲ့အတူ ရပ်စကားပြောနေတဲ့ မမစန်းရီကို တွေ့တယ်။သူငယ်ချင်းတွေဆိုတော့ အခုမှ ကျောင်းပြီးစတွေပေါ့။

၁၀တန်းပြီးခါစကျောင်းသားတွေလို့သာဆိုရတယ်။မူလ ရှင်းသန့်က သိပ်ညှက်လွန်းလို့ ထင်ပါရဲ့...။အကုန်လုံးလူကောင်တွေကတော့ ရှင်းသန့်ထက် ထွားကြသူချည်းသာ။

ကောင်လေးတွေ မျက်နှာက မြင်ဖူးသယောင်ရှိပေမဲ့ ရင်းရင်းနှီးနှီးလို့ မခံစားရတာကြောင့် ရှင်းသန့် မျက်နှာထားမှန်မှန်နဲ့ပဲ အိမ်ရှေ့ထွက်သွားတော့

"မင်းနောက်နေ့ ပုသိမ်မှာ ကျောင်းသွားအပ်မယ်ဆိုကွ"

"အေးလေ။ငါတို့တောင် မပြောဖူး"

ရှင်းသန့်ကို အရင်ဆုံးမြင်တဲ့ အရပ်ရှည်ရှည် ကောင်လေးနဲ့ အရပ်ပုပုကောင်လေးနဲ့ က လှမ်းအပြစ်တင်တယ်။

"မင်းက တစ်ယောက်တည်း ကောလိပ်သွားတက်မယ်ဆိုတော့ ဒီသူငယ်ချင်းတွေကို မေ့ပြီပေါ့။ဟုတ်လား?"

"အံမလေးး.. ကျော်ထူးရယ်...မင်းတို့သူငယ်ချင်းက နေ့တိုင်းသတိရနေတာပါ။ကျွန်မတို့က နေမကောင်းသေးလို့ အိမ်က မလွတ်တာပါတော်"

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now