၃၇. အချစ်တွေကြောင့်ပျော်ပါစေ (Z+U)

42.6K 6K 119
                                    

Zawgyi

"ဒါက ခင္ဗ်ားလား?"

စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓါတ်ပုံတွေထဲမှ ဘောင်သွင်းအဖြူအမည်းဓါတ်ပုံကို အသာလှမ်းယူလိုက်ရင်း ရှင်းသန့်မေးလိုက်သည်။ပေါင်လယ်ဘောင်းဘီအတိုနှင့် စပို့ရှပ်ဝတ်ထားတဲ့ ဓါတ်ပုံထဲမှ လူငယ်က ဂုတ်ထောက်ဆံပင်ရှည်တို့နဲ့နုပျိုလတ်ဆတ်လို့နေကာ တည်တင်းနေတဲ့မျက်နှာချောချောက မာနရောင်လဲ့နေသည့်တိုင် မနာလိုချင်စရာကောင်းလောက်အောင် ကြည့်ကောင်းနေတယ်။

ရှင်းသန့်စကားအဆုံးမှာ စာအုပ်စင်နားတွင် အလုပ်ရှုပ်နေသည့် လူကြီးက ထလာကာ

"အင်း... ကိုယ် ဘုတ်ကလပ်မှာတုန်းက ရိုက်ထားတာ"

ရှင်းသန့်အနောက်မှ ကပ်ရပ်လာတဲ့ လူကြီးထံမှ စီးကရက်နံ့ သဲ့သဲ့ပျံ့လွင့်လာသည်။လည်ကုတ်နားကို ထိတွေ့သွားတဲ့လေငွေ့နွေးနွေးကြောင့် ရှင်းသန့် မနေတတ်စွာ ကိုယ်ကို ကျုံ့လိုက်မိတော့ ခါးတဝိုက်သိုင်းဖက်လာသော လက်တံရှည်တွေက တင်းကြပ်စွာ။

"ဘယ်လိုဖြစ်နေတာလဲ?လူမြင်ကွင်းကြီးမှာ"

ပန်းရောင်သမ်းလာတဲ့ ပါးပြင်တွေနဲ့ ရှင်းသန့်က လက်ထဲက ဓါတ်ပုံကို ပြန်ချလိုက်ကာ မသိလိုက်မသိဘာသာ မျက်နှာပေးနှင့် ပြောတော့ ပိုလို့တင်းကြပ်လာတဲ့ သိုင်းဖက်မှုနှင့်အတူ...

"လူတွေ သိလေ.. ပိုကောင်းလေပေါ့ကွာ။ကလေးလေးက ကိုယ့်အပိုင်ဆိုတာ အကုန်လုံးသိသွားတာပေါ့။ဒါနဲ့ အဲ့ဒီ့ ခင်ဗျားဆိုတာကြီးကို မသုံးနဲ့ကွာ.. ကိုယ်မကြိုက်ဖူး.."

"ဟ...ခင်ဗျားနော်"

လည်ကုတ်နားသာမက နားထင်စပ်နားတွေပါ နယ်ချဲ့လာတဲ့ အနမ်းတွေကို လက်ပြန်တားရင်း ရှင်းသန့် မျက်နှာရဲရဲနှင့် ကြိတ်အော်မိတယ်။

"တွေ့လား?ခေါ်ပြန်ပြီ..ကိုယ်တော့ ဒီကလေးလေးကို အပြစ်နာနာပေးမှ ရမယ်နဲ့တူတယ်"

"အ... ဦးမောရ..မလုပ်နဲ့ဆို"

ပန်းသွေးရင့်ရောင်ထနေသော နားရွက်ဖျားနုနုတွေကို အသာဖွဖွကိုက်လာတဲ့မောရကြောင့် ရှင်းသန့် ခမျာ ကိုယ်ကို တွန့်လိမ်ကာ ရုန်းကန်နေရသော်လဲ အားမမျှသောကြောင့် သားရဲလက်တွင်း ရောက်နေတဲ့ ယုန်ပေါက်ကလေးသာသာရယ်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now