Zawgyi
"သားအဖေ မျက်နှာကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်...မောရ..။နောက်တစ်ခါဆို ဆရာဘက်က အိမ်ကို တိုင်စာပို့ရလိမ့်မယ်"
ပြောသမျှကို ခွန်းတုံ့တချက်မှ မပြန်ပါဘဲ အမူအရာမဲ့မျက်နှာနဲ့ နားထောင်နေတဲ့ လူမျိုးခြားအနွယ်ဝင် ကောင်လေးက ဆရာထက်ပင် ခေါင်းတလုံးလောက်မြင့်ချင်နေသည်။ဖြူလွန်းတဲ့ အသားရောင်အပြင် ပိရိအောင် စေ့ထားတဲ့ နီစွေးစွေးနှုတ်ခမ်းတို့နှင့် အရည်လက်နေတဲ့ ပယင်းရောင်မျက်ဝန်းတို့ကလွန်ခဲ့သော ဆယ်စုနှစ်များဆီမှ တိုင်းပြည်ကို ကျူးကျော်မင်းမူခဲ့တဲ့ နေမဝင်အင်ပါယာကြီးရဲ့ ပုံရိပ်ကို အမှတ်ရစေသည်။
"ကျွန်တော် အတန်းထဲ ပြန်လို့ရပြီလား?"
ဆယ်ကျော်သက်အရွယ်နဲ့မလိုက်အောင်ကြည်လင်ပြတ်သားတဲ့ အသံထွက်လာတဲ့ ကောင်လေးရဲ့တည်ငြိမ်တဲ့မျက်ဝန်းတွေက ရှေးတူရှုရှိကြမ်းပြင်ပေါ်တွင်သာ။အများနည်းတူ ကျောင်းစိမ်းဝတ်စုံ ဝတ်ထားရက်နဲ့ကို တမျိုးတဘာသာ ကွဲထွက်နေတဲ့ ကောင်လေးပုံစံကြောင့်နားနေခန်းထဲမှာ ရှိနေတဲ့ ဆရာ၊ဆရာမတချို့က မသိမသာလှမ်းကြည့်လာကြသည်။
တကယ်တော့ ရွှေအိုရောင်ဆံပင်ပိုင်ရှင်ကောင်လေးက ကျောင်းရဲ့ နာမည်ကျော် တစ်ယောက်မို့ မသိသူတော့မရှိပေ။
"ဪ.. အေး။အေး..ပြန်လို့ရပြီ"
ဆရာ့စကားဆုံးတာနဲ့ အခန်းထဲက ထွက်သွားတဲ့ကောင်လေးက ကြမ်းပြင်မှာကျနေတဲ့ သူ့ရဲ့ ရွှေအိုရောင် ဆံပင်တွေကို စုသိမ်းသွားဖို့လဲ မမေ့စေရ။
"ဆရာ့တပည့်က တကယ်မာနခဲနော်။ဆရာ သူ့ဆံပင်ကို ညှပ်တုန်းက တစ်ခွန်းမှမပြောပေမဲ့ အလိုကျပုံမပေါ်ဖူး"
"အဲ့ဒီ့မာနခဲကြောင့် နေ့တိုင်းခေါင်းကျိန်းနေရတာပဲဗျာ။ကျုပ်လဲ မလုပ်ချင်ပါဖူး။ဒါပေမဲ့ ဘယ်ကျောင်းသားက ဆံပင်အရှည်ထားလို့ရလို့လဲ?ကျောင်းအုပ်ဆရာကြီးက ပြီးရင် ကျုပ်ပဲ အပြစ်ဆိုတာ"
"ဒါပဲပေါ့ရှင်။ကိုယ်က ဆရာဆိုတဲ့ဂုဏ်ပဲရှိတာ။သူတို့လို လူချမ်းသာတွေကို ဘာပြောနိုင်မတဲ့တုန်း"
YOU ARE READING
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasy"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...