၂၇. အမြဲတမ်းပြုံးစေချင် (Z+U)

53.7K 8.6K 198
                                    

Zawgyi

ဂျောက် ဂျောက်

တုန်ယင်နေတဲ့ လက်ချောင်းထိပ်လေးတွေကို ထိန်းကာ အလွတ်ကျက်ထားတဲ့ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။တစ်ဖက်ကို ဖုန်းဝင်အသွားတွင် စိတ်လှုပ်ရှားမှုကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ရှင်းသန့် ခြေထောက်တွေကို မနေတတ် မထိုင်တတ်စွာ မတ်တပ်ရပ်ရင်း လှုပ်ရွနေမိတယ်...

"ဟုတ်ကဲ့ ... အမိန့်ရှိပါ"

တစ်ဖက်မှ ထွက်လာတဲ့ အမျိုးသမီးအသံကြောင့် ရှင်းသန့် ကပျာကယာပင်

"အဲ... ဟို... ဦးမောရနဲ့ ပြောချင်လို့ပါ"

"ဆရာ စာကြည့်ခန်းထဲ ရောက်နေပါတယ်ရှင့်။ဘယ်သူလို့ပြောပေးရမလဲ?"

တစ်ဖက်မှ အမေးကြောင့်ရှင်းသန့် ပြောသင့်မပြောသင့် စဉ်းစားလိုက်ပြီးမှ

"ရှင်းသန့်လို့ ပြောပေးပါ"

"ဟုတ်ကဲ့ ...ခဏကိုင်ထားပေးပါနော်"

ငြိမ်သွားတဲ့ တစ်ဖက်မှ အသံတွေကြောင့် လူကြီးအားသွားခေါ်နေပုံရသည်။တကယ်တမ်းပြောရမည်ဆိုတော့လဲ ဘယ်လဲစပြီးဘာပြောရမလဲလို့ စကားလုံးတို့စီပြီးသားရှိမနေပြန်တာကြောင့် စိတ်အိုက်သွားမိသည်။
မတွေ့ရတာ တစ်ပတ်လောက်ရှိပြီမို့ လွမ်းတယ်လို့ ချွဲပြောရမှာလား?
ဒါမှမဟုတ်..
ခင်ဗျား ကျွန်တော့်ကို ကစားပြီးပစ်ထားတာလားလို့ ကိုယ့်ဘက်က အရင်ဦးဆုံး ဘုတောရမှာလား?

အာ... တကယ်ပါပဲ
ငါ့နှယ်....ဘာတွေတွေးနေမိတာလဲ?
တကယ်ဆို သူနဲ့ ကိုယ်က ဘာဆိုင်တာ ကျလို့..

အတွေးထဲပွက်လောရိုက်နေတဲ့ စကားတွေနဲ့ ရှင်းသန့် မျက်နှာလေးက ရှုံ့မဲ့နေရာမှ မျက်လုံးထဲ သူနဲ့ကိုယ်ရဲ့ ကားပေါ်မှ နှစ်ကိုယ်တူနမ်းခန်းတွေကို ဖျတ်ခနဲ မြင်ယောင်မိတော့ ပါးပြင်နှစ်ဖက်က တရှိန်းရှိန်းအပူလှိုင်းတိုးကာ ရဲတက်လာသည်။

"ဟဲလို.... ကလေးလေးလား?"

ရုတ်တရက် တဖက်မှ ထွက်လာတဲ့ အသံသြသြကြောင့် အတွေးနယ်ထဲ လွင့်မျောနေတဲ့ ရှင်းသန့် ကိုယ်လေး တုန်ခနဲ ဖြစ်သွားမိသည်။မကြားရတာကြာပြီဖြစ်သော တစ်ဖက်မှ အသက်ရှုသံသဲ့သဲ့က ရှင်းသန့် ရင်ကို အလိုလို နွေးစေတယ်...

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Hikayelerin yaşadığı yer. Şimdi keşfedin