Zawgyi
တီ တီ..
ခြံရှေ့က ကားဟွန်းသံကြောင့် ရှင်းသန့် ဒါန်းပေါ်မှာ ထိုင်လွှဲနေရာက လှမ်းကြည့်လိုက်တယ်။အနည်းငယ်လှမ်းတဲ့အကွာအဝေးကြောင့်သေချာ မမြင်ရပေမဲ့ ဦးကြီးသာဒင် ခြံတံခါးဖွင့်ပေးလိုက်တော့ ဝင်လာတဲ့ စက်သံညက်ညက်နဲ့ ကားနက်ကြီးက မမြင်ရတာ အတော်ကြာပြီဖြစ်သော တစ်မြို့လုံးတွင် တစ်စီးတည်းရှိသည့်ဦးမောရတို့ အိမ်က ကားဖြစ်နေသည်။
အင်... ဘာလာလုပ်ပါလိမ့်?
သိချင်စိတ်အနည်းငယ်ကြောင့် မြင့်တက်သွားတဲ့ မျက်ခုံးတန်းလေးတွေနဲ့အတူဒါန်းလွှဲနေတဲ့ ခြေထောက်တွေကို ဖြေးဖြေးချင်းရပ်လိုက်မိတယ်။
သူထိုင်နေတာကိုပင် သတိထားမိပုံမရတဲ့ ဘဲကြီးက ကားပေါ်က ဆင်းဆင်းချင်း အိမ်ထဲကို အလျင်စလိုဝင်ရန်ပြင်သည်။
ကြက်ဥအကာရောင်ရှပ်အင်္ကျီကို စတိုင်ပန်အနက်နှင့် တွဲဝတ်ကာ လယ်သာအိတ်တစ်လုံးလွယ်ထားသည်မို့ ခရီးသွားဟန်လွဲဝင်လာသည်တော့မဖြစ်နိုင်ပေ။ထုံးစံအတိုင်း မမြင်ချင်ယောင်ဆောင်ရန် စိတ်ကူးမိပေမဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ အတိတ်က မူလရှင်းသန့်ရဲ့ကိစ္စတွေထဲ ဆက်ဝင်မပါချင်တော့ပါ။
တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် စတွေ့တုန်းတခါကလွဲလို့ လူကြီးက သူ့အပေါ် အင်း... ရှင်းသန့်အပေါ် လုံးလုံးသံယောဇဉ်မဲ့ပြီး Foul တာမျိုးမှမရှိဘဲလေ။ထို့ကြောင့်
ဒီတခါတော့ ရှင်းသန့်ဘက်က တစ်ထစ်လောက်လျော့ပေးလိုက်ရန် ဆုံးဖြတ်လိုက်ပြီး"အိမ်မှာ လူကြီးတွေမရှိဖူး"
အသံလေးမြှင့်ပြီး လှမ်းပြောလိုက်တဲ့ ရှင်းသန့်စကားအဆုံးမှာ ခြေလှမ်းတွေတုန့်သွားတဲ့ မောရက အခုမှ ယောင်နနနဲ့လှည့်ကြည့်လာတယ်။
ကြည်လင်နေတဲ့ စိတ်လေးကြောင့် မပြုံးနေသည့်တိုင် ရန်လိုမှုတွေမရှိတဲ့ ရှင်းသန့်မျက်နှာက အေးချမ်းနေသည်။
"အာ..... ကလေး sorry .. ရှင်းသန့်"
အခုမှ ရှင်းသန့်ကို မြင်သွားပုံရတဲ့ လူကြီးက ချက်ချင်းပင်
အိမ်ထဲ ဝင်တော့မလို
ကားထဲပဲ ပြန်ထိုင်တော့မလိုနဲ့ အဆုံးကျ ကျောက်ရုပ်ကြီးလို အိမ်ဝမှာ ရပ်နေပြီး သူရှိရာကို လှမ်းကြည့်နေတယ်။
VOCÊ ESTÁ LENDO
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasia"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...