၃၁.🔞Warning🔞Z+U

92.6K 7.8K 616
                                    

🔞🔞🔞This part contain mature dialogues and mature scenes... So,If you don't like it ...you should touch your back key 🔞🔞🔞🔞🔞

..............၂၀ရာစုတွင်ပြန်လည်မွေးဖွားလာခြင်း............

Zawgyi

ဘဝမှာ ထင်မထားတဲ့
အရာတွေက
တကယ်ဖြစ်လာတတ်တယ်..

ဥပမာအနေနဲ့ ရှင်းသန့်မောင်ဟာ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က ရှင်းသန့်ကိုယ်ထဲ ရောက်လာတာမျိုး...

တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မစဉ်းစားဖူးတဲ့ ယောကျာ်းတစ်ယောက်ကို ချစ်သွားမိတာမျိုးပေါ့...

.........................................................

"ဒီနားလား?"

"ဖယ်ဗျာ..."

ပူနွေးစိုစွတ်သော မောရနှုတ်ခမ်းပါးက မွှေးညှင်းနုလေးတွေရှိရာနားထင်စပ်နားကို အသာနေရာချလာတော့ အရှက်သည်းစွာ မျက်နှာကို ဇက်ကျိုးမတတ်လှည့်ရင်း ရှင်းသန့် မျက်လုံးစုံမှိတ်ကာအော်မိတယ်..။ပါးပြင်လေးတွေ ရဲရဲနီနေတဲ့ ရှင်းသန့်က အောက်လင်းမီးအလင်းရောင်အောက်မှာပင် အငွေ့ပျံကာပျောက်ကွယ်တော့မတတ် ခေါင်းစခြေဆုံးအပူငွေ့တို့ တရိပ်ရိပ်တက်လို့နေသည်။မျိုးတူယောကျာ်းချင်းဖြစ်ပါရက်နဲ့ ဘာကြောင့်မှန်းမသိပါနဲ့ လူကြီးနဲ့တွေ့ရင် ရှင်းသန့်ဟာလုံးလုံးကို အလွှမ်းမိုးခံထားသည့်နှယ်....

"မဖယ်ပေါင်...."

ရီမြူးရိပ်သန်းနေတဲ့ ပယင်းရောင်မျက်ဝန်းတွေနဲ့ မောရက ပြုံးတုံ့တုံ့နှင့် ကလေးတစ်ယောက်ကို စနောက်ချင်နေပုံမျိုး။တည်တင်းနေလေ့ရှိတဲ့ မောရမျက်နှာချောချောက ပြုံးရီနေတော့ ပိုလို့ နုပျိုကာ ချောမောလို့နေတယ်...

အုပ်မိုးခံထားရတဲ့ ရှင်းသန့်လေးက ကြီးမားတဲ့ မောရကိုယ်နဲ့ တောင့်တင်းတဲ့လက်မောင်းတွေကြား ပျောက်ကွယ်လုလု...

ပျံ့ကြဲနေသော ကလေးငယ်နဖူးပြင်ပေါ်မှ ဆံစလေးတွေကို လေနှင့် ဖူးခနဲမှုတ်ပေးလိုက်တော့ ရှင်းသန့်ခန္ဓာသေးသေးကွေးကွေးလေးက ဆတ်ခနဲတုန်ယင်လို့သွားကာ တစ်ဖက်စောင်းထားတဲ့ ခေါင်းလေးက ပြန်လှည့်လာပြီး

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now