Special Chapter 2 (လိပ်ပြာလေးက ဘယ်ဆီဝယ်) Z+U

15.6K 1.2K 63
                                    

Unicode

"ကိုယ့်ကို ဘာမှမလုပ်တတ်တဲ့ သူတော်ကောင်းကြီးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

အစ်ကို့ကို ငေးကြည့်နေသော နားလည်ရခက်ခဲတဲ့ ပယင်းရောင်မျက်ဝန်းတွေက ရှင်းသန့်သိခဲ့ဖူးသောကြင်နာနွေးထွေးသည့် မျက်ဝန်းတွေနဲ့ လားလားမျှမဆိုင်ပေ။ဒါက သူတစ်ခါမျှ မမြင်ဖူးခဲ့သည့် ရှင်းသန့်မောင်တစ်ဦးတည်းအပေါ်တွင်သာ ဖြစ်တည်လာသည့်ကိုကိုကြီး၏ ခံစားချက်အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်။

"ကိုယ်က မင်းထင်တာထက် အများကြီးဆိုးတယ်။ကလေးလေး......."

"......."

မောရဟာ သူ့ကိုနှိမ်ချဆက်ဆံသူတွေရှိတဲ့ ဒီနယ်မြို့အသိုင်းအဝိုင်းကို ဘယ်တုန်းကမှမနှစ်သက်ခဲ့သော်ငြား ဒီကလေးငယ်လေးကတော့ဖြင့် သူ မွေးရပ်မြေကို အမြဲပြန်လာစေဖို့ လုံလောက်တဲ့ အဓိက အကြောင်းရင်းလေးတစ်ခုဖြစ်သည်။

"ကိုယ်က အတ္တကြီးတယ်။တစ်ကိုယ်ကောင်းဆန်တယ်။သူရဲဘောကြောင်တယ်"

မျက်ရည်ကြည်တွေ ဝေ့သီနေသော မျက်ဝန်းဝိုင်းတွေထံက ဖျတ်ခနဲ အကြည့်လွှဲကာ မောရအားနည်းစွာ ပြုံးလိုက်မိသည်။

ဒါက မောရဆိုတဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုအစစ်အမှန်ပဲ။ကိုယ် မင်းရှေ့မှာ ထပ်ဟန်မဆောင်တော့ဘူး...ကလေးလေး။

"ကိုယ်က အဲ့လို လူမျိုးပဲ။ရှင်းသန့်....

"စိတ်မကောင်းပါဘူး။ကိုယ်က .......... မင်းအတွက်စံပြမဖြစ်နိုင်ခဲ့တဲ့အတွက်"

"......."

ကြည်လင်တဲ့ မောရအသံက ညဉ့်လေအေးနှင့်အတူ မြစ်ပြင်ကျယ်ထဲကို လွင့်ပါးပျောက်ကွယ်သွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်မှု လှိုင်းလုံးကြီးက သူတို့ကြားက လေဟာနယ်ကို တဖန်ပြန်လည်လွှမ်းမိုးသွားပြန်လေ၏။သင်္ဘောဦးပိုင်း အလံတိုင်ထက်မှ ကြယ်ဖြူ၁၄ပွင့်ပါသော အမိမြန်မာနိုင်ငံတော်အလံအနီရောင်က လေနှင်ရာအတိုင်းတလူလူလွင့်လို့နေတယ်။

ငွေရောင်လှိုင်းကြက်ခွပ်လေးတွေပေါ်နေသော ရေပြင်ထံသာ ငေးကြည့်နေသည့် မှိုင်းညို့နေသော ကိုကိုကြီးမျက်ဝန်းတွေထံက အကြည့်တွေရုပ်သိမ်းလိုက်ပြီးနောက် ရှင်းသန့် အစ်ကို့ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်ချလိုက်မိကာ ဒူးနှစ်ဖက်ပေါ်မျက်နှာလေးဖွက်ထားမိသည်။သူ့မှာ အသက်ဝင်လှုပ်ရှားနေသည့် နှလုံးသားမရှိသည့်တိုင် ကိုကိုကြီး၏စကားလုံးတိုင်းက နှလုံးသားကို ဆွဲဆုတ်ထားသလို မွန်းကြပ်နာကျင်စေ၏။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now