Zawgyi
ခိုင်မာတဲ့အကြောင်းပြချက်ပြဖို့
မင်းမှာ မရှိဘဲနဲ့။
ဇွတ်ငြင်းတာ
တစ်ခါတစ်လေတော့
စိတ်ဆိုးမိတယ်။မိန်းမတို့အတတ်တွေနဲ့
မထိတထိစသလိုမျိုးတော့
လာမလုပ်နဲ့ကွာ..ကဝေမကြီးဖြစ်လိမ့်မယ်
"ဟဲ့ .. အိမ်ရှေ့က ဒေါင်ဒေါင်ဒင်ဒင်အသံတွေက ဘယ်က ကလေကဝတွေတုန်း?"
ခြံရှေ့ကို လိုက်ကာဟပြီး လှမ်းကြည့်နေတဲ့ ဒေါ်ထိပ်တင်ကြီးက ဖျတ်ခနဲ လှည့်ကြည့်လာတော့ စာရင်းတွက်နေတဲ့ မမကြီးရော၊ဘေးမှာ စာအုပ်ဖတ်နေတဲ့ မမစန်းရီပါ သတိအနေအထား မတ်မတ်လေးတွေဖြစ်ကုန်တယ်။
"ဒါ ဟိုတလောက ရန်ကုန်က ပြန်လာတဲ့ ဆန်းဝင်းတို့အဖွဲ့မလား?"
ဒေါ်ထိပ်တင်ကြီးစကားအဆုံးမှာ
ဧည့်ခန်းက စားပွဲပေါ်တင်ထားတဲ့ ရေနံဆီမီးအိမ်ဘေးနား ပတ်လည်မှာ မမကြီးက ထိုင်ခုံပေါ်က၊ရှင်းသန့်နဲ့ မမစန်းရီ က စာအုပ်တစ်အုပ်စီနဲ့ ကြမ်းခင်းမှာ ငုတ်တုတ်လေးတွေထိုင်ရာက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်။သူကတော့ ဘာဆိုဘာမှမသိလို့ကြည့်မိကြည့်ရာကြည့်လိုက်တာဖြစ်ပေမဲ့ မမကြီးတို့နှစ်ယောက်ကတော့ သူ့အကြောင်းသူရှိပုံပေ။
"ညည်းတို့ဆိုတာလဲ နိုးနိုးကြားကြားကို ........မရှိဖူး။ငါသာမရှိရင် ဘယ်နှယ့်လုပ်ကြမလဲ?အိမ်မှာက ညည်းတို့ မောင်လေးတစ်ယောက်ပဲ ယောကျာ်းသားရှိတာ။ဒီလို ပေါက်ပန်းလေးဆယ်တွေ အိမ်ရှေ့က လာအော်နေမှတော့ဘယ်နေတော့မလဲ?သိက္ခာတွေ.."
ရှေးလူကြီးပီပီ
ဒေါ်ထိပ်တင်ကြီးက မနားတမ်းမှာတမ်းခြွေလေတော့ မှောင်ဝါးဝါးမီးရောင်အောက် မနည်းပြူးပြဲကြည့်နေရတဲ့ လက်ထဲက တစ်ရွက်နှစ်ရွက်သာ လှန်ရသေးသောမဂ္ဂဇင်းစာအုပ်ကို ကြည့်ကာ သက်ပြင်းချမိတယ်။
ငါလေးဟာ..
ဘယ်လိုတွေ ကံကောင်းနေရတာလဲ?စိတ်ပျက်လက်ပျက်နဲ့ ဖတ်လက်စစာမျက်နှာကို ခေါက်လိုက်ပြီး ရှင်းသန့် အိမ်လည်တိုင်မှာ သက်တောင့်သက်သာဖြစ်စွာ(တနည်း)ပျင်းရိစွာ တင်ပုလင်ခွေထိုင် မှီလိုက်တယ်။
YOU ARE READING
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasy"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...