၂၉. မိုးသည်းည (Z+U)

53.1K 6.8K 78
                                    

Zawgyi

"အေးတယ်..... မှန်တင်ထား"

ကိုယ့်မှာသာ ကားမောင်းရင်းတန်းလန်း စိတ်မချစွာ လှည့်ကြည့်ပြီး မကြာခဏဆိုသလို သတိပေးနေရသော်လဲ နံဘေးမှ ကောင်ငယ်လေးက မလှုပ်ရေးချမလှုပ်။နေမြဲအတိုင်း ကားပြတင်းဘောင်မှာ လက်လေးတစ်ဖက်ထောက်ပြီး အပြင်ကို ငေးဆဲ....

ကလေးငယ်ရေ
ဘယ်ဆီကိုများ အတွေးတွေလွင့်လို့နေပြန်လဲကွယ်?

"ကလေးလေး....."

"ဟင်..."

အပြစ်အနာအဆာမရှိ နူးညံ့နေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို တင်းတင်းဆုပ်ရင်း ဒုတိယမ္မိ ခေါ်လိုက်တော့မှ လှည့်ကြည့်လာဖော်ရတဲ့ ကလေးငယ်ငယ်က မျက်ဝန်းဝိုင်းတွေနဲ့အတူ မျက်ခုံးလေးပင့်ကာဖြင့် ချစ်စဖွယ်ထူးသည်။
ငုံထားမတတ် ချစ်စရာကောင်းလှတဲ့ မျက်နှာသေးသေးလေးက အမှောင်ထဲတွင်ပင် ပန်းရောင်ပြေပြေသန်းနေသည်ကို အတိုင်းသားမြင်နေရသည်။

ရင်ထဲ တဒိတ်ဒိတ်တိုးသောရင်ခုန်သံတို့နဲ့အတူ မောရ မချင့်မရဲ ဖြင့် သက်ပြင်းတစ်ချို့ ကြိတ်ချမိတယ်..

"အေးတယ် လို့...."

"ဪ......... ရပါတယ်။ဒီလိုနေရတာကြိုက်......."

အပြုံးလေးနဲ့ ခေါင်းခါပြကာ ကားပြတင်းဘက်ပြန်လှည့်သွားတဲ့ ရှင်းသန့် စကားမဆုံးသေးခင်မှာပင်...

"ဂျိန်း......."

ရုတ်တရက် ဝန်းကျင်တဝိုက်ဝင်းခနဲ လဲ့သွားသော လျှပ်စီးကြောင်းကြီးနှင့်အတူ ထစ်ချုန်းမြည်သော အသံကျယ်ကြီးကြောင့် ရှင်းသန့် ကိုယ်လေးပင် တုန်ခနဲဖြစ်သွားကာ

"အမေ့...."

မောရလက်ချောင်းတွေကို တင်းတင်းပြန်ဆုပ်ပြီးမျက်လုံးမှိတ်ထားလိုက်မိသည်။လန့်သွားတာကြောင့် နားထင်တွေထိ တဒိန်းဒိန်းခုန်သော သွေးခုန်နှုန်းတို့နှင့်အတူ ရှင်းသန့်နှလုံးငယ်လေးက ကဆုန်ပေါက်ကာ တရဆက်ခုန်လို့...

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now