၃၂. မူလရှင်းသန့်နှင့်တွေ့ဆုံခြင်း (Z+U)

64.7K 7.1K 201
                                    

Zawgyi

မျက်စိတစ်ဆုံးကျယ်ပြောလှတဲ့ ပန်းခင်းကြီးပေါ်ကို နေရောင်ခြည်နုနုဖြာကျနေသည်။လင်းထိန်နေသော ဝန်းကျင်က စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲတွင် ရောက်နေသကဲ့သို့ ။ဘေးပတ်ဝန်းကျင်တဝိုက်လုံးတွင် မြူတို့ရစ်ဆိုင်းကာ အဖြူရောင်ပိတ်ကားတစ်ချက်နဲ့ ကာရံထားသည့်နှယ် ပိန်းပိတ်နေသည်။

ရှင်းသန့်ဘယ်ကို လျှောက်ရမှန်းမသိတာကြောင့် ပန်းခင်းအလယ်တွင် ရပ်နေမိတယ်။အသိအာရုံထဲဗလာသက်သက်ဖြစ်ကာ တစ်ခုခုပေါ် လွင့်မျောနေသလို စိတ်လက်အစုံကပေါ့ပါးနေရသည်။ထိုစဉ်အနားကို ပျံလာသော စိမ်းပြာရောင်တောက်တောက် ဆင်လိပ်ပြာလေးတစ်ကောင်...

လက်နှင့်တို့ထိကြည့်ဖို့ရွယ်တော့ လိပ်ပြာလေးက ပတ်ရှောင်ရင်းး ရှင်းသန့် ကိုယ်အနှံ့လှည့်ပတ်နေသည်။ အနီးကပ်မြင်ရမှ လိပ်ပြာလေးတောင်ပံခတ်ပြီး သွားရာလမ်းတစ်လျှောက်တွင် ငွေရောင်လဲ့လဲ့အမှုန်တို့ ကျနေသည်ကို သတိထားမိသည်။

"ဟိတ် မင်းက ငါနဲ့ ကစားချင်တာလား?"

ပုခုံးပေါ်တခဏလာနားနေသော လိပ်ပြာလေးကို ငဲ့ကြည့်ကာ
ခပ်တိုးတိုးပြောရင်း ရှင်းသန့်နှုတ်ခမ်းတွန့်ကွေးကာ ပြုံးမိတယ်..။ဘာကြောင့်မှန်းမသိပါဘဲ ထိုလိပ်ပြာလေးအား ရင်းနှီးသလိုခံစားနေရသည်။

"အင်း... ကျွန်တော်နဲ့ ကစားပေးပါ"

"ဟင်...."

လိပ်ပြာလေးထံမှ ထွက်လာသော ယောကျာ်းငယ်လေးတစ်ယောက်အသံကြောင့် ရှင်းသန့် ထိတ်လန့်စွာ လှုပ်ရှားလိုက်မိတော့ ပုခုံးပေါ်နားနေသော လိပ်ပြာလေးက ပျံသွားသည်။မဟုတ်ပါဘူး.... ငါနားကြားများမှားတာလား?

"အကို နားကြားမမှားပါဖူး"

"ဟင်......."

ရုတ်တရက် နံဘေးခပ်လှမ်းလှမ်းမှကြားလိုက်ရသော အသံကြောင့် ရှင်းသန့် တုန်လှုပ်စွာ လှည့်ကြည့်လိုက်မိတယ်။
ဒီအသံ....
သိပ်ရင်းနှီးပါသော ဒီအသံ....

ဒါက....

"တွေ့ရတာ ဝမ်းသာပါတယ်။အကို......"

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now