၂. ခင်ဗျား​က ဘာလဲ (Z+U)

73.7K 10.4K 320
                                    

Zawgyi

"ေမေမ"

နက်ပြာရောင် ကုတင်ပေါ် နွမ်းနယ်စွာ အိပ်ပျော်နေတဲ့ မေမေက ရင်ခွင်ထဲမှာ သူ့ဓါတ်ပုံဘောင်ကိုတင်းတင်းပိုက်လို့။ဓါတ်ပုံရိုက်ရတာမကြိုက်တဲ့ သူက ဓါတ်ပုံထဲမှာ ဘွဲ့ဝတ်စုံနဲ့ မျက်နှာက ရှုတည်တည်ရယ်။

ဂိမ်းခွေတွေ ပြန့်ကျဲနေတဲ့ သူ့အခန်းက နောက်ဆုံးရှိခဲ့တုန်းက အတိုင်းပင်။အဖေမရှိတဲ့ဘဝမှာ ငယ်စဉ်တည်းက မေမေသည်သာ မိဘ၂ပါးလုံးနေရာက တာဝန်ယူခဲ့တာဖြစ်သည်မို့ မေမေ ယခုဘလောက်ထိခံစားနေရမည်မှန်း သူနားလည်သည်။

"မေမေ"

ဒုတိယမ္မိ ရှင်းသန့်ခေါ်သံအဆုံးမှာ ဖြည်းဖြည်းချင်းပွင့်လာတဲ့ မေမေ့မျက်လုံးတွေနဲ့အတူ..

"သားလေး.. ရှင်း"

မျက်ရည်တို့ရစ်ဝိုင်းနေသည့်မေမေ့မျက်ဝန်းတွေက ဘယ်နှစ်ကြိမ်လောက်ငိုထားသည်မသိနိုင်လောက်အောင် မို့အစ်နေသည်။

"ရှင်း.. သားလေး"

"မေမေ"

သူရှိရာထံ မေမေလက်လှမ်းလာသည့်အခိုက်မှာပင်
မှောင်မည်းကျသွားသည့် မြင်ကွင်းတွေနဲ့အတူ သူတကိုယ်လုံးတနေရာကိုလွင့်စင်သွားသလိုခံစားလိုက်ရကာ

"ဟင်"

ရုတ်တရက် သူပြန်ရောက်သွားသည်က မိုးမခမြိုင်စံအိမ်ထဲမှ အိမ်ခန်းတစ်ခန်းဖြစ်ပီး တိတိကျကျဆိုရသော် မူလရှင်းသန့်၏အခန်းဖြစ်သည်။အခန်းထဲတွင် မူလရှင်းသန့်က စာရေးစားပွဲခုံတွင် ထိုင်လျက် စာရေးနေပီး သူ့ကို မြင်ဟန်မတူပေ။

အပြုံးအရီမရှိတဲ့ မျက်နှာနုနုက မှိုင်းညို့နေကာ လက်ဖျံတွင် တစက်စက်ကျနေတဲ့ သွေးစက်တွေကို မသိသလို ပုံမှန်အတိုင်းစာရေးနေတဲ့ မူလရှင်းသန့်က သွေးအေးလွန်းလှသည်။

သူ မူလရှင်းသန့်ရှိရာကို ဖြေးဖြေးချင်းတိုးသွားလိုက်တယ်။စာရေးနေရင်း နှုတ်ခမ်းကလဲ တစုံတခုကို အဆက်မပြတ်ရေရွတ်နေတဲ့မူလရှင်းသန့်က အသိစိတ်လွတ်နေသလိုပဲ။

"ကိုကို "

"ကိုကို "

"ကိုကို"

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now