၄၀. မနိုးထချင်စရာ အိပ်မက်ရယ်လေ (Z+U)

37.4K 5.4K 85
                                    

Zawgyi

"ေမေမ..."

တိုးသိမ်လှတဲ့ သူ့အသံက လည်ချောင်းထဲက ခက်ခက်ခဲခဲထွက်လာတယ်....

"မေ...မေ"

တဆတ်ဆတ် တုန်ယင်လာတဲ့ နှုတ်ခမ်းတွေနဲ့အတူ အံ့သြဝမ်းသာမှုကြောင့် ဝိုင်းစက်နေတဲ့ ရှင်းသန့်မျက်ဝန်းတွေက အလိုလိုစိုစွတ်လာသည်။
တသက်လုံး
မတွေ့ရတော့ဖူးထင်ခဲ့တဲ့ မေမေ...
တကယ်ပြန်တွေ့ရတော့ ရှင်းသန့်ခေါင်းထဲဗလာဖြစ်သွားကာ ထိန်းချုပ်ထားရတဲ့ အသိစိတ်တွေဝေဝါးကုန်တယ်..

"မေမေ.."

ကယောင်ကတမ်းရေရွတ်ရင်း ရှင်းသန့် ရှေ့ကို ခြေတလှမ်းတိုးလိုက်မိသည်။

"ကလေး..."

"ကလေးလေး... ဘာလုပ်နေတာလဲ?"

"ဟင်... "

နောက်ကျောမှ ကပ်ထွက်လာတဲ့ မောရအသံကြောင့် ရှင်းသန့် တကိုယ်လုံး တုန်ခနဲဖြစ်သွားကာ အသိပြန်ဝင်လာတယ်...
ဘုရားရေ... ငါ ဘာတွေလုပ်မိပါလိမ့်?

"အသိတွေလား?"

လေတိုက်နေသဖြင့် ပွယောင်းယောင်းဖြစ်နေသော ရှင်းသန့် ဆံသားပျော့ပျော့တွေပေါ် လက်ဖြင့် ဖိသပ်ပေးကာ မောရက ကားပေါ်တက်သွားပြီဖြစ်သော သားအမိနှစ်ယောက်ထံ လှမ်းကြည့်ရင်းမေးတယ်..။အေးစက်လာတဲ့ လက်ချောင်းထိပ်တွေကို အချင်းချင်းဖိနှိပ်ဆုပ်နယ်ရင်း ရှင်းသန့် စိတ်အစဉ်က ဆောက်တည်ရာမရပြေးလွှားလို့နေသည်။

"ဟင်... မ မသိပါဖူး.. ဒီ ဒီတိုင်း တွေ့ တွေ့ဖူးတယ်ထင်လို့"

လျှံကျလာတဲ့ ပါးပေါ်က မျက်ရည်စက်တွေကို လက်ဖမိုးနဲ့ မသိမသာခိုးဖိသုတ်ရင်း ရှင်းသန့်ဖြေလိုက်တယ်...

မေမေ့ဆီ လိုက်သွားတယ်ပဲထားပါဦး..
လူမမယ်အရွယ်သာသာ ကလေးတစ်ယောက်ကို ဘယ်လိုသက်သေမျိုးနဲ့ သူက မေမေ့သားပါလို့ သွားပြောရမလဲ?

ပြီးတော့...
ဦးမောရ...
ဦးမောရကို ဘယ်လိုရှင်းပြရမှာလဲ?

"အင်း ဒါဆို မြို့ထဲမှာ တခုခုသွားစားကြရအောင်... ဗိုက်ဆာနေပြီမလား?"

"ဟုတ်... ဆာ ဆာနေပြီ"

အယောင်ယောင်အမှားမှားနှင့် ထွက်ကျလာတဲ့ စကားတွေကလဲ တကယ်ကို ကသောင်းကနင်း။ရှင်းသန့်စကားအဆုံးမှာ အသာငဲ့ကြည့်လာတဲ့ ပယင်းရောင်မျက်ဝန်းတွေကိုမြင်တော့ ပျာပျာသလဲ ပြုံးပြမိတဲ့ အပြုံးတို့က ဖရိုဖရဲတော့နိုင်လှသည်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Où les histoires vivent. Découvrez maintenant