၄၉. နောက်ဆုံး (Z+U)

70.6K 7K 818
                                    

Zawgyi

ကြ်ီ....

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ စည်းရိုးတံခါးမှ ပတ္တာသံသဲ့သဲ့ မြည်လာတယ်...
ခြံဝင်းငယ်နှင့်အတူ ပျဉ်တစ်ဝက်၊အုတ်တစ်ဝက်လုံးချင်းတိုက်လေးက ရှင်းသန့်ရဲ့ လတ်တလော ရိပ်မြုံလေးဖြစ်သည်။

တစ်ကိုယ်တည်းလူပျိုကြီးအိမ်ဖြစ်သော်လဲ အိမ်ရှေ့မှာ သစ်ခွအုံတွေချိတ်ဆွဲထားခြင်းဖြင့် ရှင်းသန့်က အိမ်ကို အလှဆင်ထားတယ်။

အိမ်ဘေးဘက်တွင် စက်ဘီးကိုနေရာချကာ သော့ခတ်လိုက်ပြီးနောက်ရွှေဝါကိုပိုက်ကာ အိမ်ပေါ်တက်၊ အိမ်မတံခါးဖွင့်လိုက်သည်နှင့်နံရံကပ်ဘုရားစင်တစ်ခု ကြိမ်ထိုင်ခုံ၂လုံးနှင့် တီဗီတစ်လုံးအပြင်ထွေထွေထူးထူးဘာမျှမရှိသောအိမ်ရှေ့ခန်းငယ်က အေးစက်ခြောက်ကပ်စွာ ဆီးကြိုလို့နေသည်။

လူရှိချိန်ရော၊မရှိချိန်တွေမှာရော တိတ်ဆိတ်နေလေ့ရှိတဲ့ သူ့အိမ်ငယ်လေးက ဘာမျှ ထူးခြားပြောင်းလဲမှုမရှိ။
ကောလိပ်ဝင်းထဲမှာ ဆရာတွေအတွက် အဆောင်ပေးပေမဲ့ရှင်းသန့်ကတော့ အပြင်မှာသာတစ်ကိုယ်တည်းနေခဲ့သည်။
ကျောင်းဝင်းထဲမှာ ခင်ဖို့ ကောင်းတဲ့ဆရာလေးက သူ့အိမ်ကိုတော့ဖြင့်တစ်စုံတစ်ယောက်ကိုမှ မဖိတ်ခေါ်ခဲ့ဖူးပေ။

ဒါကရှင်းသန့် ဟာ တစ်ယောက်စာလစ်လပ်သွားတဲ့သူ့ကမ္ဘာကို သိသိသာသာချုံ့ချပစ်လိုက်တဲ့သဘောပါပဲ။ ဒီဘ၀မှာပဲ နေတော့မယ်လို့ တထစ်ချ ဆုံးဖြတ်လိုက်တည်းက ရှင်းသန့် ဟာ အရင်ကအကြောင်းတွေကို အတတ်နိုင်ဆုံးမတွေးမိအောင်နေတယ်။ဒီလိုနဲ့ ပဲ ဒေါသထွက်လွယ်တဲ့ ခပ်ဂျစ်ဂျစ်ကောင်ဆိုးလေးဟာတဖြည်းဖြည်းနဲ့တိတ်ဆိတ်တဲ့ ကောင်လေးဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။

သူ့ရဲ့ ခေါက်ရိုးကျိုးနေတဲ့
နေ့ရက်တွေတိုင်းမှာစာသင်တာရယ် အိမ်ပြန်တာရယ်၊တခါတရံ ကျရင်တော့ စာအုပ်ဆိုင်ဖြစ်ဖြစ် စာကြည့်တိုက်ဖြစ်ဖြစ်မှာ စာအုပ်ငှားတာရယ်ပဲ ရှိတယ်..

မျက်မှန်ထူထူ၊ဆံပင်ဘုတ်သိုက်နဲ့ ရှင်းသန့်ဟာ၂၀ရာစုက လူငယ်တစ်ယောက်ရဲ့ သာမန်ဘ၀မှာ နေသားကျနေခဲ့ပြီ...။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now