Zawgyi
"ဘော်......................"
"ဆွမ်းတော်ဗျို့ ..."
ကမ်းနားက သဘောင်္ဥသြသံကျယ်ကြီးကို ဖုံးမတတ်အော်လိုက်တဲ့ ဘုန်းကြီးကျောင်းသားလေးအော်သံနောက်မှာသစ်ခေါက်ရည်ဆိုး သင်္ဃန်းလွှမ်းခြုံထားတဲ့ သံဃာတော်တွေ ဆွမ်းခံကြွလာတယ်။
တန်းဆွမ်းထွက်လောင်းကြတဲ့ လူတွေနဲ့သက်ဝင်လှုပ်ရှားလာတဲ့ မြို့ငယ်လေးက ကားသံ၊ဆိုင်ကယ်သံတို့ မဆူညံပါဘဲ သမရိုးကျအတိုင်း တစ်နေ့တာကို စတင်လည်ပတ်လာသည်။
အိမ်ရှေ့က ဖြတ်သွားတဲ့ သံဃာတော်တွေကို လှမ်းကြည့်ရင်း ရှင်းသန့် ဝှီးချဲဘီးလေးကို ပန်းခင်းကြီးဘေးလျှောက်လမ်းနားထိကိုယ့်ဘာကိုယ် အားစိုက်တွန်းလာလိုက်တယ်။
"မမ ဆွမ်းချိုင့်သွားပို့ရဦးမယ်နော်"
ဧရိယာကျယ်တဲ့ ပန်းခင်းကြီးက နှင်းရည်တွေ အဝသောက်ပြီးစိမ်းလန်းနေတယ်။သူ့စကားအဆုံးမှာ အပင်စိုက်နေတဲ့မမက ပန်းပင်တွေကြားထဲက ခေါင်းလေးထောင်ပြီး ရှင်းသန့်ရှိရာလှမ်းကြည့်လာတယ်။အခုမှ စပြီးမြေကြီးတွေ တူးဆွနေပုံရတဲ့ မမစန်းရီကြောင့်
"သား ကူပေးရဦးမလား?"
ခြေလက်အကုန်ကောင်းနေတဲ့ လူကို ဝှီးချဲပေါ်ကဒုက္ခိတ တပိုင်းက မေးရတာ နည်းနည်းတော့ ကို့ယိုကားယားနိုင်လှသည်။
"ဘာမှလုပ်ပေးစရာမလိုပါဖူး..မောင်လေးရယ်။ဒီမှာ အပင်လေးတစ်ပင်ပဲ စိုက်နေတာ"
အပြုံးတဝက်နဲ့ လှမ်းပြောတဲ့မမက လက်တစ်ဖက်နဲ့ မြေတူးသံဂေါ်အသေးလေးကို ထောင်ပြသည်။
ပန်းနုရောင်သိုးမွှေးဆွယ်တာဝတ်ထားတဲ့ မမစန်းရီက မနက်ခင်းအလှနဲ့ အပြိုင် သနပ်ခါးအပြည့်နဲ့လှနေတယ်။အုံလုံးကောင်းတဲ့ ပိတုန်းရောင် ဆံပင်ရှည်ကြီးတွေကို အနောက်မှာ ဘီးနဲ့တပတ်လျှိုထုံးထားတော့ ခပ်ပြေပြေဝေ့ကျနေပြီး ခါးတင်ရင်ဖုံးဝမ်းဆက်က မင်းသမီးတွေလို သိပ်လဲ မကျပ်လွန်းတာကြောင့် ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိသည်။
YOU ARE READING
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Fantasy"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...