ပြန်လည်မွေးဖွားလာခြင်း Prologue (Z+U)

113K 10.5K 285
                                    

Zawgyi

"အရီးရေ.. အရီးသား အထွေးနိုးလာပီ"

နားထဲ တဝီဝီကြားနေရတဲ့ လေတိုးသံနဲ့ရောနေတဲ့ မိန်းမသံတွေကြောင့် ရှင်းသန့်နိုးလာခဲ့တယ်။အုံကိုက်နေတဲ့ခေါင်းက နာကျင်မှုက တစ်ယောက်ယောက် တုတ်နဲ့ ဆော်တာခံထားရတဲ့အတိုင်း။

"အို..လူလေး ဖြည်းဖြည်းထ။ခေါင်းနာနေသေးလား?"

ဂရုဏာသံပါတဲ့ လေယူလေသိမ်းလေးလေးနဲ့အတူဖြည်းဖြည်းချင်း ကူတွဲပေးလာတဲ့ အဒေါ်ကြီးလက်ဖဝါးတွေရဲ့ ကြမ်းရှမှုကို ခံစားမိသည်။

"ဟဲ့..စန်းရီ ဘာကြောင်ကြည့်နေတာလဲ? ဆရာ့ကို အမြန်သွားပင့်လေ။တကတည်း..ညည်းတို့ဆိုတာ "

ဆီမန်း မန်းသလို ဆူနေသည့် အရှေ့မှ ဘွားတော်ကိုသေချာမြင်တော့မှ ရှင်းသန့်မျက်မှောင်ကျုတ်လိုက်မိတယ်။ရွှေဘီးဆံပတ်ကြီးကို နောက်မှာထုံးတင်ထားပီး ကွမ်းချေးတက်နေတဲ့သွားတွေ။ထို့အပြင် ဝတ်ထားသည့်ရင်ဖုံးနှင့် လုံချည်ကလဲ ပိပိရိရိ။အလုံးစုံခြုံကြည့်ရသော် ရှေ့က ဘွားတော်သည် သူတခါမျှမမြင်ဖူးသော မန္တလေးဘက်မှ အမျိုးဖြစ်ရမည်ပင်။

"အမေရော.. အန်တီ"

အသက်၄၀ကျော်လောက်ပဲ ရှိသေးသည်ကြောင့် အန်တီဟု ခေါ်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

"ဟင်.. လူလေး..ဘာပြောတာ..?"

ကြောင်အသွားသည့် အဒေါ်ကြီးနှင့်အတူ အပြင်သွားရန်ပြင်နေသည့် အမျိုးသမီးငယ်၂ယောက်ကလဲ အံ့သြသွားပုံရကာ သူ့ကိုလှည့်ကြည့်လာကြသည်။

"ဟို..ကျွန်တော့်အမေ ဒေါ်သန်းသန်းအေး လေ"

သူပြောသမျှ တအံ့တသြဖြစ်နေရှာတဲ့ အမျိုးသမီးတွေကြောင့်
ပြောလက်စစကားကို မနည်းအရှိန်သတ်လိုက်ပီး အခြေအနေကို အနည်းငယ် လှည့်ပတ်စူးစမ်းမိတယ်။
Oh god .. ငါ အိမ်မှာ မဟုတ်ဖူးပဲ။

ရေနံချေးဝအောင်သုတ်ထားပုံရတဲ့ အိမ်ကြီးရဲ့ အခန်းတစ်ခန်းထဲက ကုတင်ပေါ်မှာ သူရှိနေတာဖြစ်ပီးတီဗီ ၊အဲကွန်း ဝေးလို့ ပန်ကာဘာဆိုဘာမျှ မရှိတဲ့ အခန်းဗလာကျင်းထဲမှာ ကျွန်းဗီရိုတစ်လုံးရယ်၊စာရေးစားပွဲတစ်လုံးရယ် အပြင် ရေဒီယိုလို့ထင်ရတဲ့ တဂျစ်ဂျစ်အသံထွက်နေတဲ့ အရာတစ်ခုသာ။ခုတင်ခေါင်းရင်းဘက်တိုင်မှာ ချိတ်ထားတဲ့ မီးအိမ်ကြီးက အလင်းတစ်ခုသာ အခန်းထဲ ဖြာကျနေတယ်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now