Zawgyi
"ရွှေချည်ငွေချည်တန်းပါလို့"
နှစ်ထပ်တိုက်ရုပ်ရှင်ရုံကြီးရဲ့ မျက်နှာစာမှာ အပြည့်နေရာယူထားတဲ့ အဖြူအမဲပိုစတာပေါ်က စာလုံးကြီးတွေကို အသံထွက်ဖတ်လိုက်မိတယ်။ဘယ်လိုကြည့်ကြည့် မရင်းနှီးတဲ့ ရုပ်ရှင်ပိုစတာကြီးက တနင်္ဂနွေရုပ်ရှင်ကြည့်လေ့မရှိတဲ့ ရှင်းသန့်နဲ့ အလှမ်းဝေးနေဆဲ။
"အထွေးရေ.. မုန့်သွားဝယ်မယ်လေ။ဘာစားမလဲ?"
လက်မောင်းကို အသာကိုင်လှုပ်ပီးလာခေါ်တဲ့ မမစန်းရီက
မျှင်ငပိရောင်ရင်ဖုံးလက်ရှည်ကို ချိတ်ကျဲကျဲနဲ့တွဲဝတ်ထားကာ မျက်နှာမှာ မိတ်ကပ်သားပါးပါးနဲ့ လှနေတယ်။သနပ်ခါးကိုသာ အမြဲလိမ်းတတ်တဲ့ မမက ပုသိမ်က ချစ်သူမောင်နဲ့ ချိန်းတွေ့မည်မို့ သေချာပြင်ဆင်ထားပုံရသည်။"ဗျာ.. အဲ..ဟို"
ရုပ်ရှင်ရုံရှေ့က မုန့်ဈေးတန်းကိုကြည့်ပြီး သူခေါင်းချာချာလည်သွားသည်။ရွှေကြည်၊ဆနွင်းမကင်းစတဲ့ မြန်မာမုန့်တွေအပြင် ဇီးထုပ် နေကြာစေ့ တို့ဆိုတာတွေကသူအကြိုက်မဟုတ်တဲ့ အစားအစာတွေချည်းသာ။
"မစားတော့ဖူး။မမ..သားရင်ပြည့်နေလို့"
"ဘာမှမစားပဲတော့မနေပါနဲ့..အထွေးရယ်။တစ်ခုခုစားလေ.. ဒေါ်ကြီးအုန်းရဲ့ ငှက်ပျောရွှေကြည် စားမလား?လူရှင်းတုန်း ဝယ်ထားလိုက်မယ်"
အဖော်လိုက်လာပေးတဲ့ မောင်ကိုမျက်နှာလုပ်ချင်တာရော၊တစ်နှစ်ကျော်လောက်ကြာမှချစ်သူနဲ့ ပြန်တွေ့ရမှာရော ၊စတဲ့ အကြောင်းကြောင်းတွေကြောင့် ပုံမှန်ဆို အေးအေးနေတတ်တဲ့ မမက
အလွန်တရာမှ တက်ကြွနေတယ်။ညနေစောင်းလာတာကြောင့်ထင်။အားနည်းနေသေးတဲ့ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ရှိလာသည်မို့
ပြေချင်နေတဲ့ ခါးနားက ပုဆိုးခါးပုံစကို လက်နဲ့ အသာထိုးထည့်ရင်း သူပြီးပြီးရော ခေါင်းညိမ့်ပြလိုက်သည်။ဒီဘက်ခေတ်မှာလိုချိစ်ပေါက်ပေါက်လေးနဲ့ ကိုလာလေးသာ စားလိုက်ရရင် ဘယ်လောက်ကောင်းမလဲ??
ВЫ ЧИТАЕТЕ
၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
Фэнтези"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?" ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။ ဘေးအခန်းနံရံမှာ ကပ်ထာ...