၂၈. ဒီည ကိုယ်နဲ့တစ်နေရာလိုက်ခဲ့မလား? (Z+U)

53.2K 7.2K 231
                                    

Zawgyi

"သား... မင်းနာမည်နဲ့ တယ်လီဖုန်းလာတယ်"

ဧည့်ခန်းထဲ ဝင်လာရင်းပြောတဲ့ ဒယ်ဒီက လက်ထဲမှာ သတင်းစာတစ်စောင်နှင့်။အသက် ၅၀ကျော်လာသည့်တိုင် မျက်မှန်တစ်လက်ပိုလာသည်မှလွဲ၍ ခန့်ညားဆဲ ဒယ်ဒီထံမှ အေးစက်တဲ့ မျက်နှာပြင်အမူအရာတို့က သူရခဲ့သော တစ်ခုတည်းအမွေဖြစ်သည်။

"ဟုတ်ကဲ့... "

လေယာဉ်ပေါ်မှာ သမီးငယ်ဖတ်ရန် ကျောပိုးအိတ်လေးထဲ စာအုပ်တချို့ ရွေးထည့်ပေးနေခြင်းကို လက်စသတ်ကာ မောရထရပ်လိုက်ပြီး

"ဘေဘီ ...အဘိုးနဲ့ ခဏလေးနေဦးနော်။ဒယ်ဒီ ဖုန်းသွားပြောလိုက်ဦးမယ်"

ခေါင်းလေးကို အသာပွတ်ကာ ပြောတော့
ပြန့်ကျဲနေတဲ့ ရုပ်ပြပုံပြင်စာအုပ်တွေကြားထဲ ထိုင်နေတဲ့ သမီးက သူကြိုက်ရာ စာအုပ်တွေရွေးနေရာမှ မော့လာကာ ချစ်စဖွယ်ပြုံးပြီး ခေါင်းညိတ်ပြတယ်။သမုဒ္ဒရာပြင်နှယ် အပြာရောင်ကြည်ကြည် သမီးမျက်လုံးလေးတွေကို ချစ်မြတ်နိုးစွာကြည့်ပြီး မဆီမဆိုင် မဟူရာမျက်ဝန်းတောက်တောက်လေးကိုပင် သတိရမိသေးသည်။
အင်း.....
ကလေးလေးနဲ့တောင် မတွေ့တာ ၄ရက်လောက်ရှိပြီပဲ..
ညနေကျရင်တော့ သွားတွေ့ဦးမှပါ...

..........................................

"ဟဲလို..."

"မောရလား? ငါပါ.... မြင့်မြင့်"

"ဪ... အေး။မြင့် ...ပြော"

မဆက်စဖူး ဆက်သည့်မြင့်ကြောင့် သူအံ့သြသွားမိကာ ဘာကြောင့်မှန်းမသိပါဘဲ ရင်ထဲအလိုလို လေးသွားတယ်။

"ဪ... ထွေထွေထူးထူးရယ်မဟုတ်ပါဖူး။အထွေးလေး ရန်ကုန်မှာ အဆင်ပြေရဲ့လားလို့ပါ။ပြီးတော့ ငါတို့လဲ ရန်ကုန်လာမလို့"

ယုတ္တိမတန်သော မြင့်စကားကြောင့် မောရ မျက်ခုံးပင့်လိုက်မိသည်။တကယ်ဆို ရှင်းသန့်တည်းသော အိမ်တွင်လဲ ဖုန်းရှိသည်ပဲ...။အချိန်မရွေးဆက်ကာ မေးနိုင်သည့်ကိစ္စကိုလေ...

ပြီးတော့ မြင့်ဆိုသည့်သူမက ဘယ်လောက် အနေအေးကာ မာနကြီးသလဲ ဆိုတာ သူအသိဆုံး။တော်ရုံသေရေးရှင်ရေးမှ မဟုတ်ရင် ဘယ်တော့မှ သာကြောင်းမာကြောင်း ပြောရုံနဲ့ အချိန်ဖြုန်း ဖုန်းဆက်မည့်သူမျိုးမှ မဟုတ်ဘဲ...

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now