၂၂. သင်္ဘောပေါ်တွင် - ၂ (Z+U)

58.7K 8.2K 151
                                    

Zawgyi

လှိုင်းပုတ်သံတို့နှင့် သဘောင်္ပေါ်မှ ညက ယခင်အခေါက်များကလို ခြောက်ကပ်မနေခဲ့။အသက်ရှုသံမှန်မှန်နောက်မှာ ကပ်ပါလာတတ်သော နံဘေးရှိသံခုတင်ငယ်ထံမှ တကျွိကျွိမြည်သံက အခန်းထဲတွင် တစ်စုံတစ်ယောက်နှင့်အတူ ရှိသည်ဆိုသော အသိကို ဖြစ်စေကာ အနွေးဓာတ်တစ်မျိုးနဲ့ သက်တောင့်သက်သာရှိလှသည်ပင်။

သဘောင်္စီးတိုင်း နှစ်ယောက်ခန်းသာယူစီးတတ်တာကြောင့် အစဉ်မြဲလွတ်နေတတ်တဲ့ တစ်ဖက်ခုတင်ငယ်ထံ ယနေ့ညအတွက် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိနိုင်တော့သော အကြည့်ရောက်မိတော့ ပိုးလို့ပက်လက်သဏ္ဍာန်ငယ်က ကြိုဆိုတယ်။
အသက်ရှုလိုက်တိုင်း နိမ့်ချည်မြင့်ချည်ဖြစ်လာတဲ့ ရင်အုံလေးနဲ့အတူ ရှင်းသန့်လက်တစ်ဖက်က ခုတင်နယ်နိမိတ်ကို ကျော်နေပြီး ကျန်တစ်ဖက်က ခေါင်းရင်းတွင် ပုံပျက်ပန်းပျက်နေရာယူထားသည်။ဘောင်းဘီရှည်ဝတ်ခြေတံသွယ်တို့ကလဲ ဟိုတစ်ဖက် ဒီတစ်ဖက် ပြန့်ကားလျက်။

ငယ်စဉ်က ငြိမ်ငြိမ်လေးသာ အိပ်တတ်တဲ့ ကလေးငယ်က အရွယ်ရောက်လာ၍ထင်။
သိပ်ကို အအိပ်ကြမ်းလွန်းလာသည်ပဲ...

ဘေးတိုက်မြင်နေရသော နုငယ်သည့်မျက်နှာလေးကိုကြည့်ရင်း မောရ သဘောကျစွာပြုံးမိတယ်။

သူမဖတ်တတ်တော့သော
ရင့်ကျက်တဲ့
မျက်လုံးအကြည့်တွေ...
မာနတရား ပြေပြေသန်းလာတဲ့ မျက်နှာထားတည်တည်နှင့်
သူ့အပေါ်တွင်မှ ဒေါသမိုးကွက်ကြားရွာတတ်လာလေသော
ကောင်ငယ်လေးက တကယ်ကို အခြားတစ်ယောက်ပြောင်းသွားသလိုပဲ။

အိပ်မောကျပွင့်ဟနေသောနှုတ်ခမ်းလုံးလုံးထံ ဖျတ်ခနဲအကြည့်ရောက်မိတော့ တော်တော်နှင့်မလွှဲဖယ်မိ။

"မဟုတ်ဘူး..."

တဒိတ်ဒိတ်မြည်လာသောရင်ခုန်သံကမောက်ကမတို့ကို သတိထားမိသည့်အခိုက် ဘေးမှာချထားတဲ့ pocket flaskကို အမြန်ကောက်ဖွင့်မော့ချလိုက်မိပြန်တယ်။လည်ချောင်းထဲ ပူဆင်းသွားသော whiskey ကြောင့် ဒယိမ်းဒယိုင်ရင်ခုန်သံတို့ ပြန်အနည်ထိုင်သွားတော့မှ သက်ပြင်းအရှည်ကြီးချ၊ တစ်ကိုယ်တည်း ကြိတ်ရီမိတယ်။
ငါ့နှယ်...
ကလေးကလားဆန်လိုက်လေ..

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now