အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်

Start from the beginning
                                    

သို့ပေမဲ့ သူမကတော့
အညာခံလိုက်ရလို ခံစားချက်
ကြီး ရနေတယ်။

''ခဏနေဦး''

ယုယန်က လက်ကိုဆန့်တန်းရင်း သူတပည့်ကို
တားတယ်။လေးနက်တဲ့ အမူရာနဲ့ ကောင်းကင်ကို ကြည့်တယ်။

''ကောင်းကင်မှာ..မိုးကြိုး တိမ်တိုက် အရိပ်ယောင်တွေတွေ့ နေရတယ်''

ကျူ းယောင်လည်း ပူပင်စွာနဲ့ ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်မိတယ်။လောလောဆယ်တော့ ညနေခင်း ရောက်ပြီမလို့ ကောင်းကင်တစ်ဝက်က မှောင်မည်းနေသော်လည်း တစ်နေရာက ကွက်လင်းနေသေးတယ်။ခဏလောက်ငေးနေတဲ့ အချိန်မှာ ရုတ်တရက်ပဲ မိုးကြိုးတိမ်တိုက်တစ်စုက အလျင်မြန်လွင့်လာတယ်။

ဒါပေမဲ့....

ဘာကိစ္စ မိုးကြိုး တိမ်တိုက်က ကြက်မဖင်က ထွက်စ ကြက်ဥလောက်ပဲ ရှိရတာလဲ!

ရေဇလုံသာသာ ရှိတဲ့ မိုးကြိုး တိမ်တိုက်ကို ကျူ းယောင်လည်း ကြက်သေသေကာ ငေးနေမိတယ်။သူကြည့်ရတာဟာသပဲ။ မိုးကြိုးတိမ်ခမျာ ဒီနေရာကို ကတိုက်ကရိုက် ပြေးလာပုံ ပေါက်တယ်။သူမနား ရောက်လာရင်းက လေထဲ လွင့် လွင့်သွားသို့ တိမ်တိုက် အရွယ်စားက သေးသေးလိုက်လာတယ်။ဆီကုန်ခါနီးကားလို ဖွတ်ချက် ဖွတ်ချက်နဲ့။ သူမအပေါ်လည်း ရောက်ရော သေးသွားတာမှ ထမင်းပန်းကန်လုံးစာပဲ ရှိတော့တယ်။

ပိုဆိုးတာကတော့ လူမှားပြီး သူမကို ကျော်သွားတယ်။ပြီးမှ ခဏရပ်သွားပြီး သူမ ခေါင်းပေါ်တည့်တည့် ပြန်ပြေးလာတယ်။

နောက်ဆုံး သူမ ခေါင်းပေါ် တည့်တည့်မှာ ရပ်တန့်သွားပြီး တစ်ခုခုကို တြိတ်ချေ နေသလို အသံတွေ ကြားရတယ်။မကြာခင်မှာပဲ ထစ်ချုန်းသံ ပိစိလေးထွက်လာပြီး ဘုရားစူး အပ်ချည်မျှင် သာသာ မိုးကြိုး တစ်ခုက သူမဆီကို ဦးတည်လာတယ်။

ပြီးတော့....

ရပ်သွားတယ်။

မိုးကြိုးက...ရပ်တန့်သွားတယ်။သူမနဲ့ ခြေနှစ်လှမ်းအကွာမှာပဲ ရပ်တန့်သွားတာ။ပျယ်ပြယ်လွင့်သွားတော့ မတတ်ပဲ ခါရမ်းပြီးတော့မှ ပချီ ဆိုတဲ့အသံနဲ့ သူ့ မျက်နှာကို ရိုက်ခတ်လိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now