အခန်း(၃၆)ကလေးတစ်ယောက်ရဲ့အစားစာ

Start from the beginning
                                    

ဒီနေ့ သူ လူတွေနေတဲ့ နားဖြတ်သွားရင်း ဒီ ဆက်ခံသူ အမှတ်အသားကို ခံစားမိတယ်။ပြေးလာကြည့်
တော့မှ အဖြူရောင် မုန့်လုံးလေးလို ဒီကလေးမ
ပေါက်စကို တွေ့ရတယ်။တွားသွားနေတဲ့ မုန့်လုံးလေး နောက်ကို အမျိုးသမီးတစ်စုက လိုက်နေသေးယတယ်။

ဝိညဉ်တွေ လူပြန်ဝင်စားဖို့ဆိုတာ အနည်းဆုံး နှစ်ထောင်ချီ ကြာတတ်တယ်။တခါလေ နှစ်သောင်းချီ ကြာတတ်တယ်။ဒါကြောင့် သူ့စိတ်ထဲ အရင် ဝင်လာတာက ဂိညဉ်လုပြီး လူဝင်စားခြင်း။
တခြား တစ်ယောက်ရဲ့ ဝိညဉ်ကို ဖယ်ထုတ်ပြီး ကိုယ့်ရဲ့
ဝိညဉ်က သူ့ကိုယ်ထဲ ဝင်နေဖို့ဆိုတာ နတ်ဝိညဉ်အဆင့် လောက်မှသာ လောက်နိုင်တာ။သူတပည့်ကံ ဘယ်လောက်ပဲ ကောင်းကောင်း ရက်နည်းနည်း
အတွင်း နတ်ဝိညဉ်အဆင့်ရောက်သွားတာ မဖြစ်နိုင်ဘူးရယ်။ပြီးတော့ သူတပည့်လို ရိုးသား ကြင်နာတတ်တဲ့ စိတ်အရ ကလေးငယ်တစ်ယောက်ရဲ့ ဝိညဉ်ကို ဖယ်ထုတ်ပြီး ခန္ဓာကိုယ် လု ယူမှာ မဟုတ်ဘူး။

သူလည်း သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ရင်း
သူရယ် ကလေးရယ် တည်ရှိမှုကို တခြားလူတွေ
မ မြင်နိုင်အောင် ကွယ်ဝှက်လိုက်တယ်။သူလည်း ကလေးရဲ့ ဝိညဉ်ကို သေချာလေ့လာကြည့်လိုက်တော့ ခန္ဓာကိုယ်နဲ့ဝိညဉ်က သေချာ ချိတ်ဆက်
ထားတယ်။လုယူပြီး အတင်းဝင်နေတဲ့ လက္ခဏာ
မရှိဘူး။သူလည်း ကလေးကို တပည့်အဖြစ် လက်ခံဖို့ ပြောမယ့်စကားတွေ မေ့သွားပြီး ချက်ချင်း ခေါ်ခဲ့တယ်။

ခုတော့ ဘယ်လိုလုပ်မလဲ!

မုန့်လုံးလေးက သူ့ကိုယ်ပေါ်တက်လာပြီး သူ့လက်ကို သူ့ပါးစပ်ထဲ ထည့်နေတာကို ကြည့်ရင်း
သူတစ်ခုခု နားလည်လိုက်တယ်။

''မင်း ဆာနေတာ လား.''
.ကျူ းယောင်လည်း မော့ပြီး ခပ်စိမ်းစိမ်းကြည့်
လိုက်တယ်။စိတ်တို လို့ သူမဆရာလက်ကို
ယူကိုက်လိုက်တာ။သူမမှာ သွားမရှိသေးဘူးဆိုတာ မေ့သွားတယ်။ဆရာ့လက်က မာတာမလို့
သူမ သွားဖုံးနာသွားတယ်။

''ဒီမှာ လိမ်လိမ်မာမာ ထိုင်နေ မင်းအတွက် စားဖို့ ယူ လာပေးမယ်''
သူလည်း ပြောရင်း အပြင်ထွက်သွားတယ်။
ခဏကြာတော့ လက်ထဲမှာ ထမင်းပန်းကန်
်အသေးနဲ့ ဟင်းရွက်ကြော်တွေ ယူပြီး ပြန်ရောက်
လာတယ်။
''#*$..''
ကျူ းယောင်လည်း သူ့ဆရာကို ရုပ်သေကြီးနဲ့
ကြည့်လိုက်တယ်။မွေးကင်းစ ပေါက်စလေးကို
တစ်ကယ်ပဲ ထမင်းကျွေးလို့ ရလို့လား!
သူမ သွားဖုံးတွေ ပိုတောင် နာလာသလိုပဲ!

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now