အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို

Start from the beginning
                                    

''ဂိုဏ်းတူအကိုက အတော်ကို မြှောက်ပြောနေတာပဲ''
ကြည့်ရတာ ဒီလူက အတော်ကို ဖော်ရွေတတ်ပုံပဲ။
ကျူ းယောင်လည်း ပြုံးပြလိုက်တယ်။

''ဂိုဏ်းတူအစ်ကိုက အမြဲတမ်း တံခါးပိတ်လေ့ကျင့်
နေတာမလို့ တွေ့ဖို့ အခွင့်မသာခဲ့တာပါ
ဗွေမယူပါနဲ့ ဂိုဏ်းတူအစ်ကို''

''ညီမငယ်က အတော်ကို ရည်မွန်တာပဲ
တကယ်လို့ စိတ်မရှိရင် ကျတော့်နေတဲ့ဂူကို
အားရင် လာနိုင်ပါတယ်''

ရီရန်လည်း ပိုတောင်ပြုံးဖြီးပြလာသေးတယ်။သူလည်း တခုခုကို သတိရသွားတဲ့ပုံနဲ့ ဆက်မေးတယ်။
''အော်..ခုထိ ညီမငယ် နာမည်ကို မသိရသေးဘူး
ကျောက်စိမ်းသစ်တောတောင်မှာနေတယ်
ဆိုတော့
မျို းရိုးနာမည်က ယု ဖြစ်မှာပေါ့ ဒါဆို နောက်က တာအိုအမည်ကို သိပါရစေလား''

ကျူ းယောင်လည်း ချက်ချင်း မျက်နှာမည်းသွားတယ်။နင့်အစ်မကိုပဲ ဖော်ရွေတော့!ဒီလို လူတစ်ယောက်ရဲ့ လူသိမခံချင်တဲ့ လိျှို့ဝှက်ချက်တွေကို ခုလို
ထုတ်ဖော်ပြခိုင်းလို့ရကြေးလား!သူမလည်း အံတြိတ်ရင်း တစ်လုံးချင်း ပြန်ဖြေလိုက်တယ်။
''ကျွန် မ နာ မည် က ယု ယောင်''

ဒီစကားလည်း ကြားရော ဘေးက ထိုင်နေတဲ့ ယုယန်က ချက်ချင်းပဲ သူမကိုလှည့်ကြည့်ုပြီး သံသယ
အကြည့်နဲ့ ကြည့်တယ်။သူပေးထားတဲ့ နာမည်က
'ဝမ်'မဟုတ်ဘူးလား!

ကျူ းယောင်လည်း သူ့ဆရာဆီ မကျေမနပ်အကြည့်တွေ ပြန်ပစ်လွှတ်လိုက်တယ်။ဆရာပဲ စိတ်ဆန္ဒလို့မှည့် !ဆရာတို့ တစ်မိသားစုလုံးပဲ အဲ့လိုမှည့်!

(TN:😜😂ကျူ းယောင်က သူ့ဆရာပေးထားတဲ့ ယုဝမ်ကို အတော်မုန်းပါတယ်)

ယုယန်လည်း မျက်မှောင်ကြုတ်ပြီး သက်ပြင်းချမိပြန်တယ်။သူ့တပည့်ပိုပြီး ခပ်ထုံထုံဖြစ်လာပြီ။သူပေးထားတဲ့ တာအိုနာမည်ကိုတောင် မမှတ်မိတော့ဘူးလို့ သူ့ဘာသာတွေးမိတယ်။ပြီးတော့ ရှေ့ပြန်လှည့်ပြီး ပြိုင်ပွဲကို ဆက်ကြည့်နေလိုက်တယ်။ကျူ းယောင် ကတော့ နောက်ကနေ သူ့ဆရာနောက်ကျောကို
နဂါးမျက်စောင်းတွေနဲ့ ပြာချဖို့ ကြိုးစားနေတယ်။

ဆရာနဲ့ တပည့်ကြား တစ်ခုခုလွဲနေသလို ခံစားလိုက်ရလို့ ရီရန်လည်း မေးခွန်းတွေ မေးနေတာကို
ရပ်လိုက်ရတယ်။အနည်းငယ်နှုတ်ဆက်စကား ပြောပြီး သူ့ကျားဖြူကို ယုယန်ထက် အနည်းငယ် နိမ့်လိုက်ပြီး ထိုင်နေလိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now