အခန်း(၁၄)ဂိုဏ်းချုပ် ခေါင်းကိုက်ရခြင်း

Start from the beginning
                                    

''ကျတော်..တော်...သေချာ မသိပေမဲ့လို့
ကြားဖူးသလောက်တော့ ဒီအချိန်ဆို အမျိုးသမီးတွေက သွေးတွေ အများကြီး ထွက်ထားလို့ သူတို့ ကိုယ်ကို အပင်ပန်းခံလို့ မရပါဘူး
ပြီးတော့ အေးတဲ့ အရာတွေ နဲ့ ထိတွေ့လို့
မဖြစ်ပါဘူး´´

ယုယန်က ခေါင်းညိတ်ပြီး တိတ်တိတ်ကလေး မှတ်ထားလိုက်တယ်။ခဏကြာတော့ အမှုစစ်သလို လေသံနဲ့ ဆက်မေးတယ်။
''ဒါဆို လစဉ်သုံး အထုပ် လုပ်ဖို့ အကောင်းဆုံး
ပိုးချည်က ဘာလဲ´´

ဘာလို့လဲဆိုတော့ သူ့တပည့်ကို တောင်ပင်လယ် ငါးမန်းပိုးချည်မျှင်နဲ့ လုပ်ထားတာပေးတဲ့ တပည့်ကဲ့ အမူရာ က ထူးဆန်းနေတယ်။မကြိုက်လို့လို့ပဲ သူ ကောက်ချက်ဆွဲလိုက်တယ်။

''#*$...´´

သူ့ဦးလေးဆရာသခင် လူစားထိုးခံလိုက်ရတာလား!!ဘာလို့ သူလို ယောကျာ်းရင့်မာကြီးကို အမျိး သမီးအတွင်းရေ ကိစ္စနတွေ မေးနေရတာတူန်း!!

''ကျတော်ထင်တာ ကတော့ ရေစုပ်အားကောင်းတဲ့ အရာမျိုး..အဲ ..ကုလားအုတ်ချည်မျှင်တို့လိုမျိူးး ပေါ့´´

''ကုလားအုတ်ချည်မျှင်´´

ဒီချည်မျှင်က အဆင့်နိမ့် မှော်ပိုးကောင်က ထုတ်တဲ့ ပစ္စည်းဖြစ်ပုံပဲ။သူ့မှာ အဲ့လို အဆင့်နိမ့်တာက မရှိဘူး။ဒါကြောင့် ချွေးပြန်နေတာကို သုတ်နေတဲ့ သူ့တူဂိုဏ်းချုပ်ကို ပဲ ကြည့်လိုက်တယ်။

အကြည့်တွေကြောင့် ဂိုဏ်းချုပ်ခမျာ တုန်သွားရှာတယ်။မနေနိုင်တော့ဘဲ သူ့ ပစ္စည်းသိမ်းတဲ့ အိတ်ကလေးကိုထဲက အဖြူရောင် ပိုးချည်လေးတွေထုတ်ပြီး

''ကျတော့်မှာ အများကြီးတော့ မရှိပါဘူး
ဒါပေမဲ့ ဦးလေးဆရာ စိတ်မရှိဘူးဆိုရင်
ရွေးလို့ ရ...ရ´´

''အင်...´´
ယုယန် က သူပြောပြီးတောင် မစောင့်ဘဲ ရှိသမျှကို သူ့ အိတ်ထဲပြောင်းထည့်ပစ်လိုက်တယ်။တစ်ခုတောင် မချန်ထားဘူး။အိတ်ကလေး ကိုင်ထားတဲ့ ဂိုဏ်းချုပ်ကြီးခမျာ ဘာပြောရမှန်းတောင်မသိတော့ဘူး!!

အကုန်လုံး ပေးမယ်လို့ မပြောမိပါဘူး။နည်းနည်းတော့ များသွားပြီ။သူရဲ့ နာကျင်သွားတဲ့ နှလုံးသားကို လက်နဲ့ ပွတ်သပ်ရင်း စဉ်းစားမိတယ်။တကယ်တမ်းကကျတော့ ပြန်မတောင်းရဲပါဘူး။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now