အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်

Start from the beginning
                                    

ကောင်စုတ်လေး လုပ်ပြန်ပြီ! သူမ နှုတ်ခမ်းတွေ ရွဲ့သွားတယ်။ဘေးနားက အထူးအဆန်းဝိုင်းကြည့်နေကြတဲ့ မျက်လူံးတွေလည်း မြင်ရော
သူမ ကောင်စုတ်ကို သေလောက်အောင် လိမ်ဆွဲချင်လာတယ်။သူမရဲ့ မလှုပ်မယှက်ပုံကို ကြည့်ပြီး ကောင်စုတ်လေးက သူမ မကျေမနပ်ဖြစ်နေတာလို့ထင်သွားတယ်။သူအံတြိတ်ပြီး နောက်တစ်လှမ်းဆုတ်လိုက်တယ်။ ပြီးတော့ လွတ်သွားတဲ့ နေရာကို ညွှန်ပြရင်း

''တကယ်လို့ မကြိုက်ရင်လည်း ကျွန်တော့် ရှေ့မှာ နေနိုင်တယ်''

ကျူ းယောင် မျက်နှာကြီးက ပိုတောင်မည်းသွားတယ်။ဒါပေမဲ့ ကောင်စုတ်လေးရဲ့ အတည်ပေါက် မျက်နှာကို မြင်လိုက်တော့ သူမရွေးစရာမရှိတော့ဘူး သွားရပ်လိူက်ရတော့တယ်။ပြီးတော့ နောက်လှည့်ပြီး ကောင်စုတ်လေးကို ဆွဲယူပြီး သူ့တင်ပါးလေးတွေကို ခပ်စိပ်စိပ်ရိုက်လိုက်တယ်။

ကောင်စုတ်လေးက နာသွားပေမဲ့ လုံးဝ အသံမထွက်ဘူး။သူမကို ထူးထူးဆန်းဆန်းအကြည့်နဲ့ ကြည့်ပြီး တစ်ဖက်လှည့်သွားတယ်။

အမယ် ဟေ့ ဘာကိစ္စ ကလေးတစ်ယောက်က ရှက်သွေးဖြာနေတဲ့ပုံစံ လုပ်နေရတာလဲ!!

ဒီကောင်စုတ်လေးရဲ့ အတွေးတွေကို နားလည်ဖို့ မကြိုးစားတော့ လျစ်လျူရှု လိုက်တယ်။အဲ့အချိန်မှာ တစ်ယောက်ယောက်က တွန်းတိုက်နေတာကို ခံစားလိုက်ရတယ်။ရှေ့က ဖက်တီးလေးက ဘယ်သူမှ ကြည့်မနေတာ အခွင့်ကောင်းယူပြီး သူ့ရှေ့ကလေးကို နောက်တွန်းပို့ပြီး နောက်ဆုံးကနေ ရေရင် တတိယတေရာကို နေရာကို ယူထားလိုက်နိုင်တယ်။နောက်ပို့ ခံလိုက်ရတဲ့ကလေးလေးက လဲတော့မလိုလဲ။ကောင်းကောင်းတောင် မရပ်နိုင်ရှာဘူး။အဲ့ကလေးက အရိုက်ခံလိုက်ရတဲ့ ရှောင်ရီလေးပဲဖြစ်တယ်။

သူရှေ့က ဖက်တီးလေးကို မုန်းတီးစွာကြည့်နေတယ်။သူ့လက်သီးလေးကလည်း ဆုပ်လျက်သားနဲ့ တစ်ခုခုကို တိုးတိုးပြောလိုက်တယ်။အရမ်းတိုးလို့ ဘယ်သူမှ မကြားနိုင်ပေမဲ့ နောက်တည့်တည့်မှာရပ်နေတဲ့ ကျူ းယောင်က ကြားလိုက်တယ်။

''တစ်နေ့ကျရင် ဒီတစ်လောကလုံး ငါ့ခြေထောက်အောက်မှာ ရောက်နေစေရမယ်''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now