အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်

Start from the beginning
                                    

သူမ စိတ်တိုလာလွန်းလို့ ကောင်စုတ်လေးကို သူ့အမေရင်းတွေ့ရင်တောင် မမှတ်မိလောက်အောင်ကို ရိုက်ပစ်ချင်တာ။

ကောင်စုတ်လေးက သူမ ဒေါသထွက်မှာကို သိလို့လားမသိဘူး ချက်ချင်းပြေးသွားပြီး အခြားကလေးတွေကြားထဲ ပြေးရောသွားတယ်။သူမမျက်နှာကို တစ်ချက်တော့ လှမ်းကြည့်နေတယ်။
ကျူ ယောင်တစ်ယောက်ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေမိတယ် သည်းခံစမ်း သည်းခံစမ်း၊
ကောင်စုတ်လေး နေနှင့်ဦးပေါ့။ဒီပွဲပြီးရင် နင့်ကိုသေအောင်တော့ မရိုက်သတ်ဘူးဆိုတာ ဒီအစ်မ အာမခံတယ်။အသက်ပြင်းပြင်းနည်းနည်းထပ်ရှုလိုက်ပြီးနောက် သူမစိတ်ငြိမ်သွားတယ်။

စင်အောက်မှာ စမ်းသပ်ခံဖို့ ရောက်လာတဲ့ လူတွေက လျော့မသွားဘူး။တိုးလာနေတုန်းပဲ။သို့ပေမဲ့လည်း စင်ပေါ်က ကလေးအရေတွက်ကနည်းနေတုန်းပဲ။

စင်ပေါ်မှာလည်း ကောင်စုတ်လေးအပါဝင်မှ ဆယ်ယောက်တောင်မရှိသေးဘူး။ ဝိညာဉ်ကြောကအတော် ရှားပါးပုံရတယ်။တစ်ရာမှာ တစ်ယောက်နှုန်းတောင် ရှိပုံမရဘူး။ခုစင်ပေါ်က ကလေးအများစုကလည်း ဝိညာဉ်လေးခုနဲ့ငါးခု ပိုင်ရှင်ဆိုတော့ သိပ်ပါရမီ မပါတဲ့သူတွေလို့
ပြောလို့ရတယ်။

လေထဲမှာ ပေါလောပေါ်နေနိုင်တဲ့ ဖန်လုံးကို
ကြည့်ရင်း ကျူယောင်အတော်တော့ စပ်စုချင်မိတယ်။လေပေါ်မှာ ပေါလေပေါ်နိုင်သလို အရောင်တွေလည်းပြသတယ်။သူတောင်းစားကလေး ထိတိုင်းကတော့ ရွှေရောင်နဲ့အစိမ်းရောင်ပြသပြီး ကောင်စုတ်လေးထိတော့ အနီရောင်တွေပြသတယ်။သူထိလိုက်မယ်ဆိုရင်
ဘာအရောင်ပြသမလဲဆိုတာ သိချင်လာတယ်။

စပ်စုချင်စိတ်နဲ့ သူမလက်ညိုှးလေးနဲ့ ဖန်လုံးလေးကို ထိကြည့်လိုက်တယ်။ချက်ချင်း ဖန်လုံးလေးထဲမှာ အနီရောင်၊လိမော်္မရောင်၊ရွှေရောင်၊အပြာရောင်၊အစိမ်းရောင်တွေ ကရောယှက်ပြီး ပြည့်နှက်သွားတယ်။

''ဝိညဉ်ကြောငါးခု ပိုင်ရှင်''

ဘေးနားက တာအိုဆရာက မှတ်ချပေးတယ်။သူမ ထိကြည့်လိုက်တာကိုတွေ့ပေမဲ့ မတားသလို စိတ်လည်းဆိုးပုံမရဘူး။စပ်စုတတ်တဲ့ မိဘတွေရှိတယ်လေ
သူတို့မှာလည်း ဘယ်လို ဝိညဉ်ကြောဆိုတာ သိချင်စိတ်နဲ့ ထိကြည့်ကြတာ မဆန်းတော့ဘူးလေ။ပြီးတော့ ကျူ ယောင်ကိုလည်း အပြစ်မတင်ရက်ဘူးလေ။သူမပဲ ဒီပါရမီပါတဲ့ကောင်လေးကို ခေါ်လာပေးတာမလို့။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now