အခန်း(၁)လယ်ကွင်းဘေးက တောသူမလေး

55.4K 1.7K 89
                                    

(Find original novel>>> novelupdates.com)

ကျူ းယောင် တစ်ယောက် ဘာမှတောင်မသိလိုက် ခင်မှာပဲ တခြားကမ္ဘာ တစ်ခုထဲကို ရောက်လာတာ ခံစားလိုက် ရတယ်။

စောစောလေးတင် သူ့သူငယ်ချင်းနဲ့ သူတို့
ကုမ္ပဏီက ထုတ်ထားတဲ့ ဂိမ်းဟာကွက်တွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးနေတုန်း ရှိသေးတယ် ခုကျတော့ သူမက သက်ကယ်မိုးအိမ်လေးထဲမှာ အခန့်သား ထိုင်လျက် ။

လက်ထဲမှာ ကွန်ပြူ တာမောက်စ်ကို ကိုင်ထာတုန်း။ရုတ် တရက်( ၁၀ )မိနစ်စာလောက်ကို
သူမ ကြက်သေသေနေမိတယ်။ ရှေ့က
ပျောက်သွားတဲ့ ကွန်ပြူတာနဲ့ CPUကို
ကြည့်ရင်း ကျန်နေခဲ့တာက စားပွဲခုံအစုတ်
တစ်လုံးပဲ။ကွန်ပြူတာက ဘယ်ရောက်
သွားတာလဲ။သူမ ကီးဘုတ်တောင် ရှာမတွေ့တော့ဘူး။

'' ကောင်မစုတ်လေး ခုထိရှိနေတုန်းပဲ''

တံခါးဖွင့်ပြီး တစ်ယောက်ယောက် ဝင်လာတယ်။လက်တစ်စုံက သူမကို လှမ်းရိုက်တယ်။
သူမလည်း အလိုလျောက် ရှောင်လိုက်မိတယ်။လက်ထဲက ကွန်ပြူတာမောက်စ်လည်း
ပြုတ်ကျပြီး ကြမ်းပြင်ပေါ်လည်း ရောက်ရော ပျောက်သွားတယ်။

ကျူ ယောင်လည်း မော့ပြီး
ကြည့်လိုက်တော့ ပိန်ပိန်ပါပါး မိန်းမကြီး
တစ်ယောက် နဖူးမှာလည်း အရေးအကြောင်းတွေနဲ့။ဝတ်ထားတာက မီးခိုးရောင် ဖျော့ဖျော့
အကြိမ်ကြိမ် ဝတ်ပြီး လျှော်ထားမှန်း
သိသာ တယ်။ဝတ်ထားတဲ့ ပုံစံကိုက
ကျွန်မက တောသူမကြီး ပါလို့ ပြောနေသလို ပဲ။သူမကို သတိထားမိစေဆုံးက ရှေးခေတ်ပုံစံ
အဝတ်အစား ဝတ်ထားတယ် ဆိုတာပဲ။

''ရှင် ဘယ်သူလဲ ''

မိန်းမကြီးက ချက်ချင်းပဲ ဒေါသ
ထွက်သွားတယ်။

'' ငါ ဘယ်သူ တုန်း
ဟုတ်လား အအိပ်လွန်ပြီး နင့်ခေါင်း မမှန်တော့ ဘူးလား နင့်အမေလေ
ခု ထပြီး ရေနွေးသွား ကြိုစမ်း နေတောင် ဖင်ထိုးအောင် ပူနေပြီ ..အခုထိ အပျင်းကြီးနေတုန်း အရိုက်ခံချင်နေတာလား.''

ရှင်း ပြချိန်တောင် မရလိုက်ဘဲ မိန်းမကြီးကသူမကို လက်တစ်ဖက်တည်းနဲ့
ဆွဲခေါ်သွားတယ်။ရှင်းပြမယ် ရမယ်ဆိုပြီး
အသိဝင်လာတော့ သူမ မီးဖိုချောင်ထဲ
ရောက်နေပြီ ရှေ့မှာရှိတဲ့ လူတစ်ရပ်စာ
ထပ်ထားတဲ့ ထင်းပုံနဲ့ ဘေးက မြေမီးဖိုကို
ကြည့် ရင်း။ကျူ းယောင် တစ်ယောက်
သိလိုက်ပြီ။သူမ တစ်ခြားကမ္ဘာကို
ရောက်နေပြီ ။တခုခုလည်း မှားနေပြီ ဆိုတာ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Onde as histórias ganham vida. Descobre agora