"အရှင်မင်းကြီး မိန့်ကြားတော်မူပါ။"

"သူ့ကို အနီးကပ် စောင့်ကြည့်နေပါ"

"ဒါဆို ဒီကိစ္စကိုဘယ်လိုလုပ်ရပါမလဲ မင်းကြီး...?" 
သဲ့ကုန်းကုန်းက မရဲတရဲမေးလိုက်သည်။

ယွီ၀မ်ရှင်းက သူ့မျက်ခုံးတွေကို နှိပ်နယ်ပြီး အေးစက်စွာပြောလိုက်သည်။

"အခုလောလောဆယ်​တော့ လျစ်လျူရှုထားလိုက်"

ကျွမ့်ချုံ ကို အခုချိန်မှာ သွားမထိချင်သေး​ပေ။  အရင်က ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ တွေးကြည့်ပြီးနောက်  မမြင်နိုင်တဲ့ အတားအဆီးအပြင် ဘယ်ကမှ ပေါ်လာမှန်းမသိတဲ့ ဓားတစ်​ချောင်းရှိသည့် ဒီမိန်းမကို သွားရှုပ်ဖို့ မလွယ်ဘူးလို့ သူခံစားလိုက်ရသည်။

' သူတို့နှစ်​​ယောက်​ကို တစ်​ချိန်​တည်းမှာ ဖယ်​ရှားဖို့ နည်းလမ်းရှာနိုင်​ရင်​ အ​ကောင်းဆုံးပဲ...'

......

နန်းတော်တစ်ခုလုံးမှာ ကောလဟာလတွေ ပျံ့နှံ့​နေပြီး ပြင်ပက သာမန်ပြည်သူတွေတောင် ဒီသတင်းကို ကြားသိကြသည်။

ဧကရာဇ်မင်း၏ မောင်းမမိဿံတစ်ဦးသည် တော်၀င်မင်းဆရာဘွဲ့ ခန့်အပ်ခြင်းခံရပြီးအခြားအမျိုးသားတစ်ယောက်နှင့် ဆက်ဆံရေးရှိနေသည်။
ဤကိစ္စက အတင်းအဖျင်း​ပြောဖို့ တောင်းဆိုနေတာ မဟုတ်​ပေလား?

ကျွမ့်အိမ်​တော်သည်လည်း အတင်းအဖျင်းထဲတွင် ပါဝင်လာခဲ့ပြီး ရှေးခေတ်က အမျိုးသမီးများဟာ ရိုးရာဓလေ့ကို မလိုက်နာပါက တံတွေးခွက်တွင် ပက်လက်​မျောကြရလိမ့်မည်။

ကျွမ့်သခင်ကြီးသည် မကြာသေးမီက ဧကရာဇ်မင်းနှင့် စိတ်၀မ်းကွဲမှုမှပြန်လည်နာလန်ထူရန် မလွယ်ကူခဲ့ပေ။ ဤကိစ္စကို ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ တရားရုံးတွင် သူ့ကို ဖိနှိပ်ဖို့ အခွင့်ကောင်းယူချင်သူတွေ ရှိလာခဲ့သည်။

အခြားတွေအားလုံးနဲ့ ယှဉ်လျှင် ကောလဟာလ၏ အဓိက ဇာတ်​ဆောင်နှစ်ယောက်ဖြစ်သည့် ရှီရှန်းနဲ့ မင်ကျင့်တို့ဟာ ပိုပြီးငြိမ်သက်​နေကြသည်။

မင်ကျင့်သည် အိမ်​နေအကျယ်ချုပ်အချုပ်အနှောင်ခံရပြီး မည်သူမျှအပြင်မထွက်လာသလို မည်သူ့ကိုမျှလည်း အ​တွေ့မခံ​ပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now