Arc 15.9

547 87 6
                                    

Unicode

[Side Quest: မက်မွန်သီးရရန် သစ်​တော်သီးကိုစွန့်လွှတ်1]

ရှီရှန်းသည် ရုတ်တရက်ထွက်​ပေါ်လာ​​သော System ၏အသံကြောင့် ထိတ်လန့်သွားပြီးအိပ်ရာမှလန့်နိုးလာခဲ့သည် ။

အခန်းက မည်းမှောင်နေသဖြင့်  ရှီရှန်းစိတ်ပျက်သွားသည်။

  'ဘာလဲကွာ?  ညကြီးသန်းခေါင်  ဘာကိစ္စ  အပိုမစ်ရှစ်ထုတ်ရတာလဲ ငါက ဘာမစ်ရှင်မှ မလုပ်နိုင်ဘူး ကျေးဇူးအများကြီးတင်ပါတယ်​နော်!'

ရှီရှန်း ကုတင်ပေါ်ပြန်လှဲချလိုက်တယ်။

[အလိုအလျောက်လက်ခံသည်။]

ရှီရှန်း "... "

'နင့်ဘိုး​အေကို အလိုအလျောက် လက်ခံလိုက်တာလား Systemစုတ်! နင့်မှာ သတ္တိရှိရင် ထွက်ခဲ့စမ်း ငါ နင့်ကို အပိုင်းပိုင်းခုတ်ပစ်မယ်'

System"...."
'အရူးပဲ hostရဲ့ဖိတ်ကြားချက်ကို လက်ခံလိမ့်မယ်'

[host ဒီတာ၀န်ကို မလုပ်ရင် မင်းရဲ့ အသက်မှတ်အားလုံးကို နုတ်ယူရလိမ့်မယ်  တစ်နည်းဆိုရင် အခြားမစ်ရှင်ကမ္ဘာ​တွေကို ဝင်ရောက်ပြီး ဖုန်းစီနှင့် တွေ့နိုင်​တော့မှာမဟုတ်ဘူး]

'ဝူး!  ဘယ်လိုခြိမ်းခြောက်ရမလဲ သိသွားပြီ​ပေါ့​လေ '

Systemက ဘာမှမတုန်းပြန်ခဲ့​ပေ။

'သူမကို စိတ်မဆိုး​စေနဲ့ သူမလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်မယ်...'

ရှီရှန်းလည်းအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဒေါသကိုထိန်းလိုက်သည် ။

'မက်မွန်သီးရရန် သစ်​တော်သီးကိုစွန့်လွှတ်' က ဘာကိုဆိုလိုတာလဲ'

[Key Words- ကျောက်စိမ်းမျှော်စင်၊ ​ဝေ့ယန် နန်း​ဆောင်။]

ရှီရှန်း "..."

"အပိုမစ်ရှစ်​တွေ​ရော ကီး​ဝေါ့ ​တွေ​ရော ရှုပ်​နေတာပဲ ငါပြောမယ် မင်းသာ မစ်ရှင်ကို ရည်ရွယ်ချက်ရှိရှိ ပိုခက်ခဲ​အောင်လုပ်လို့က​တော့ အထက်ကိုတိုင်ပစ်မယ် !'

Systemက"ငါမင်းကိုမကြားရဘူး၊ ငါမင်း​ပြောတာနားမလည်ဘူး" ဟူသောမူကိုကျင့်သုံးပြီး ရှီရှန်း ကိုလျစ်လျူရှု​နေခဲ့သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now