Arc 12.15

3.4K 579 7
                                    

Unicode

ရှီရှန်းကတော့ သူတို့ကို မျက်လုံးထောင့်ကနေပဲ အေးစက်စွာကြည့်နေတယ်
'သူတို့ဘာလုပ်လုပ် ဇာတ်လိုက်မကိုထောက်ပံ့ပေးသလိုပဲ ဖြစ်နေမှာပဲ'

ဒါက ပွဲရဲ့အဓိက အပိုင်းပဲ လူတိုင်းက သူတို့သားသမီးတွေမှာအခွင့်အရေးမရှိဘူးဆိုတာကိုသိနေကြတာတောင် ဘယ်သူက တပည့်နေရာကိုရပြီးအောင်နိုင်သူဖြစ်လာမလဲဆိုတာကို သိချင်နေကြတုန်းပဲ

အခြေခံစာမေးပွဲကတော့ လျင်လျင်မြန်မြန်ပဲ ပြီးသွားတယ် ဖြေလို့ပြီးတဲ့သူတွေက အခြားတစ်ဖက်မှာ ရပ်နေကြရတယ်

ရှန့်ကျားရင်းက နောက်ဆုံးအဆင့်ထိတက်လာနိုင်ခဲ့တယ် သူမဖြေရမယ့်အခေါက်ရောက်တိုင်း တည်တညိငြိမ်ငြိမ် စမတ်ကျကျဖြေဆိုနိုင်တာကြောင့် လူတိုင်းကသူမအကြောင်းကိုမေးကြပြောကြတော့တယ်

"ဒါဘယ်သူ့ကလေးလဲ..သူမကအတော်တော်သားပဲ...."

"သူ့ရဲ့အခြေခံတွေက အတော်ကောင်းတယ် သူ့ကိုဘယ်သူသင်ပေးတာပါလိမ့်"
စကားပြောနေတဲ့ သူကလည်းဒီစီးပွားရေးမှာ အလုပ်လုပ်နေတဲ့သူပဲ

နောက်ဆုံးစစ်ဆေးမှုကို ကောင်လေးသုံးယောက်နဲ့မိန်းကလေးနှစ်ယောက်ကဲ ဖြတ်ကျော်နိုင်ခဲ့တယ်

ရှန့်ကျားရင်းကတော့ လူတိုင်းရဲ့စိတ်ဝင်စားမှုကို ရရှိထားတယ်

နောက်ဆုံးစစ်ဆေးချက်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုသာ စစ်ဆေးတာဖြစ်တယ် မခွဲရတဲ့တဲ့ကျောက်အမျိုးအစားသုံးခုကို ရွေးရမှာဖြစ်တယ် တန်ဖိုးအမြင့်ဆုံးကျောက် သုံးခုကို ရွေးနိုင်တဲ့သူက အနိုင်ရမှာပဲဖြစ်တယ်

အခြားကလေးတွေကတော့ သူတို့ရွေးမိတဲ့ကျောက်တုံးကို အပိုင်ရမှာပဲဖြစ်တယ်

ဒါကတော့ ပိုက်ဆံအလကားသက်သက်ဖြုန်းတာပေါ့

ဒါကိုကြည့်ပြီးတော့ ကျောက်မျက်ဗေဒပညာရှင်က ဘယ်လောက်ထိ ချမ်းသာမှန်းသိနိုင်တယ်

ဒါပေါ့ ကိုယ့်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းပေါ်မူတည်ပြီးတော့ သိန်းသန်းချီတဲ့ ကျောက်တွေကို အလကားရပြီး ချမ်းသာလာနိုင်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now