Arc 12.19

3.4K 582 2
                                    

Unicode

သူတို့အိမ်ပြန်ရောက်တညနဲ့ ရှီရှန်းက ယွိကျိုဆီက​နေ သော့​တွေကိုလုယူလိုက်ပြီးသူ့ကို​မောင်းထုတ်ပစ်လိုက်တယ်

ဒါပေမယ့် System ရဲ့ ကူညီ​ပေးမှုကြီး​ကြောင့် တံခါးကသူ့အလိုလိုပွင့်သွားပြီး ယွိကျိုဟာအကူညီရသွား​လေတယ်

သူကဖုန်းကိုထုတ်လိုက်တယ် "ညီမ​လေး​ရှောင်ရှီ မင်းဒါကိုမလိုချင်​တော့ဘူးလား"

ရှီရှန်းက သူမရဲ့ အခန်းဘက်သို့တိတ်တဆိတ်လှည့်လိုက်တယ်
'ဒါက 1kပဲတန်တာ ..ဘာမှအရေးမကြီးပါဘူး ဒါ​ပေမယ့် ငါကဘာကြောင့်ဒီငတုံးကိုပေးရမှာလဲ

ငါ့မြည်းကိုပဲပေး! '

သူမရုတ်တရက်ပြန်လှည့်လာပြီး ယွိကျိုကိုနှိပြုံးပြလိုက်တယ်
'ဒီကောင်က အရိုက်ခံရဖို့လို​နေပြီ'

သင်ခန်းစာတစ်ခုပေးခံရပြီးတဲ့နောက်မှာ  ယွိကျိုက နဲနဲ​တော့ရိုကျိုးလာတယ် - ဒါ​ပေမယ့်သူကသူမကိုဖုန်းအ​ကြောင်း ​တောက်​ရှောက်​မေးခွန်းထုတ််တယ်

"ဟေ့ ညီမ​လေး​ရှောင်ရှ..ဒါကိုဘယ်လိုသုံးရမလဲ..ဒါကိုကိုယ်ဘယ်လိုမှထိလို့မရဘူး "

"ညီမ​လေး​ရှောင်ရှဒါကဂိမ်းလား..ကိုယ်နိုင်ငံခြားမှာရှိတုန်းကတောင်ဒီလိုမျိုးအရာကိုငါမမြင်ဖူးဘူး…မင်းတကယ်ကြီးဂြိုလ်သားတွေနဲ့တကယ်တွေ့ခဲ့တာလား"

"ညီမ​လေး​ရှောင်ရှ... "

ယွိကျိုက မရပ်မနားစကားပြော​နေတာ​ကြောင့်   ရှီရှန်းကသူ့ပါးစပ်ကို အ၀တ်စို့ထားချင်စိတ်​ပေါက်လာတယ်

'ငါ့ဓါးဘယ်မှာလဲ!'

ရှီရှန်းကသူ့ကို ​နောက်တစ်ချီထပ်ရိုက်ဖို့ပြင်ဆင်နေတုန်း သူကရုတ်တရက်ထလာပြီးသူမကိုအုပ်မိုးကာ ယုတ်မာ​တော့မယ့်​လေသံနဲ့လိုက်ပါတယ်

သူ့အမူအရာကတည်ကြည်ပြီးလေးနက်​နေတယ် " ညီမ​လေး​ရှောင်ရှ မင်းကိုယ်နဲ့တွဲဖို့ငြင်း​​နေအုံးမယ်ဆိုရင် ကိုယ်ဒီပစ္စည်းအကြောင်းသူများ​တွေကို​ပြောပြလိုက်မယ် "

'ငါ့ဓားဘယ်မှာလဲ!'

ဓားကပေါ်လာတာနဲ့ ရှီရှန်းက ယွိကျို ဘာမှမတုံ့ပြန်နိုင်​သေးခင် သူ့ရဲ့လည်ပင်းကိုဖိလိုက်တယ်
သူမမျက်နှာပေါ်မှာလည်း အေးစက်တဲ့အပြုံးတစ်ပွင့်ရှိ​နေတယ် "ရှင့်ပါးစပ်နဲ့ကျွန်မဓား ဘယ်ဟာကပိုမြန်မယ်ထင်လဲ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now