Arc 13.34

420 59 0
                                    

Unicode

ရှီရှန်း သည် ရှန့်ရှင်းဟိုင် ဆီသို့ လျှောက်သွားပြီး သူ့ဓါးကိုလှမ်း​ပေးလိုက်သည်။

"ဒုတိယသခင်​လေးရှန် ရှင့်ကို ကျွန်မသတိပေးထားမယ် ဒီ​ကောင်မ​လေးတွေနဲ့ ကျွန်မ ပတ်ဝန်းကျင်မှာ လှည့်ပတ်မနေပါနဲ့..."

ရှီရှန်း ၏အကြည့်က ပြတ်သားနေသဖြင့် ရှန့်ရှင်းဟိုင်ကို စိတ်ရှုပ်သွားစေသည်။ 

'ဝေဝေက သူမကို စော်ကားမိခဲ့တာလား'

ဒါပေမယ့် ရှီရှန်း က ကျိုး​ဝေ​ဝေဆီကို ကြင်နာတဲ့အမူအရာနဲ့ လှည့်ကြည့်လိုက်သည်။

ရှန့်ရှင်းဟိုင် "... "

'ဒါဆို ငါက သူ့ကို စော်ကားမိတဲ့သူလား'

ရှီရှန်း၏ အတွေးများကို သူ နားမလည်​ပေ။

ထို့​နောက် သူမက သူတို့ကို ချန်ထားခဲ့ပြီး 
စကားများနေကြသော နတ်ဆိုးဂိုဏ်းဝင်များကို တောင်ပေါ်သို့ပြန်ခေါ်သွပြီးနောက်တွင်ပင် ရှန့်ရှင်းဟိုင်က လက်ရှိအ​ခြေအ​နေကို လိုက်မမှီသေးပေ။ 

'ဒီလိုပဲ ပြီးသွားပြီလား?  ငါ အိပ်မက်မက်နေတာများလား'

ကျိုး​ဝေ​ဝေက ချည်နှောင်ထားခံရခြင်း မရှိတာ​ကြောင့်  ရှီရှန်းထွက်သွားပြီးနောက် သူမက ရှန့်ရှင်းဟိုင်ကို ကြိုးကူဖြေပေးခဲ့သည်။  ဒါပေမယ့် သူမမှာ ခွန်အားများများမရှိတာကြောင့်  အချိန်အတော်ကြာခဲ့ရသည်။

ထို့​​နောက် ကျိုး​ဝေ​ဝေက ကျန်ရစ်​သော ဂိုဏ်းသားတွေ​ရှေ့မှာပဲ ကျိုးဟန်ကို ကိုယ်တိုင် သတ်ပစ်ခဲ့​ကြောင်း  ရှီရှန်း က ကြားခဲ့ရသည်။

သူမအဖေ လုပ်ကြံခံခဲ့ရ​ကြောင်းသိပြီးကတည်းက သူမ၏စာနာသနားမှုများ ကုန်ဆုံးသွားခြင်း ဖြစ်​ပေလိမ့်မည်။

သူတို့ ပြန်မသက်သာခင် နှစ်ရက်လောက် တောင်ခြေမှာ နေခဲ့ကြပြီး ဘယ်သူမှ  ​တောင်​ပေါ်မတက်ဝံ့ကြ​ပေ။  ထို့​နောက် သူတို့အားလုံး အိမ်ပြန်သွားကြပြီး လက်နက်များပြန်လည်ရယူရန်အတွက် ငွေ​ကြေးအ​မြောက်အမြား သယ်လာကြသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now