Arc 15.4

534 78 0
                                    

Unicode

ရှီရှန်းသည် ဤအမျိုးသမီးအုပ်စု၏ အကြည့်များအောက်တွင် မယိမ်းယိုင်ဘဲ အနည်းငယ်သော စိတ်ရှုပ်ထွေးမှုပင် ဖြစ်​နေပုံမရှိ​ပေ။

'​ကွေ့​ဖေးမယ်မယ် က အန်းကျဲ့ယွီတစ်​ယောက် ဘုရင်မင်းမြတ်ကို ဖြားယောင်းနေချိန်မှာ​တောင် လုံး၀မတုန်လှုပ်ဖူးလား'

ထိုအချိန်တွင် လွီ​ရော့နှင့် ယွီ၀မ်ရှင်း တို့၏ ဆွေးနွေးမှု ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး  ကြိမ်ဒဏ်၃၀ မှာ မ​ပြောင်းလဲ​သေး​ပေ။

သို့ပေမယ့် ယွီ၀မ်ရှင်း က လွီ​ရော့ ကို အ​တော်​လေးအထင်ကြီးသွား​ကြောင်း ထင်ရှားသည်။

"ကွေ့​ဖေးမယ်မယ် ဘုရင်မင်းမြတ်က ဆင့်​ခေါ်လိုက်ပါတယ်" 
သဲ့ကုန်းကုန်း၏လက်ပါး​စေ မိန်းမစိုးလေးတစ်ယောက်က အပြေးလာ​ပြောသည်။

ရှီရှန်းလည်း သူမ၏ သားမွေးအင်္ကျီကို တင်းကြပ်စွာခြုံပြီး မတ်တပ်ရပ်လိုက်သည်။

'ငါဝင်​ပါဖို့အချိန်​တန်​ပြီ'

ရှီရှန်း ပန်းဥယျာဥ်ထဲသို့ သွားသည့်လမ်းတွင် ရိုက်နှက်အပြစ်​ပေးခံရရန် ဆွဲ​ခေါ်သွားခံ​နေရသည့် ဇာတ်လိုက်မနှင့် ဆုံခဲ့သည်။

ဇာတ်လိုက်မသည်  အပန်း​ဖြေ​ဆောင်ထဲမှထွက်လာ​သော ရှီရှန်းကို မြင်​သောအခါ ခပ်​ဝေးဝေး​ရောက်နေပြီဖြစ်သော ယွီ၀မ်ရှင်းကို  လှည့်ကြည့်လိုက်သည်။

'ဒါဆို ငါက တခြားသူအစား အပြစ်​ပေးခံရပြန်ပြီလား?

ရှူး​ဖေးနဲ့ ​ ​ကွေ့​ဖေး က မတည့်ကြဘူး ကွေ့​ဖေးက ရှူး​ဖေးကိုခက်ခဲအောင် လုပ်တဲ့သူဆိုတာ အသိသာကြီး​လေ ဒါတောင် ငါက အပြစ်ပေးခံရတဲ့သူပဲလား

ပြီး​တော့ ​ကျောက်စိမ်း​ခေါင်းအုံးကိုလည်း ရှန်းဖေး ကိုယ်တိုင် ချိုးပစ်ခဲ့ပြီး အန်းကျဲ့ယွီကို တမင် အပြစ်လွှဲချခဲ့တာပဲ ဒီမိန်းမတွေ ဘယ်လောက်တောင် ရက်စက်နိုင်မှာလဲ'

သူမကို ဒေါသတကြီး စိုက်ကြည့်နေသော လွီ​ရော့ကို ရှီရှန်းက ပြုံးပြလိုက်သည်။

ကြက်သွေးရောင် မြေခွေးသားမွေးအ​ပေါ်၀တ်ရုံကိုလွှမ်းခြုံထားပြီး ဖြူ​ဖွေးသော နှင်းပွင့်များနှင့် တောက်ပသော အနီရောင် ဇီးပန်းပွင့်များ၏ နောက်ခံက သူမကို ပို၍ပင် သေးသွယ်သွား​စေပြီး လက်ရာမြောက်​ကျောက်စိမ်းယမင်းရုပ်နှယ် ထင်ရစေသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now